ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ငွေဆောင်ကမ်းခြေဒေသသို့ သွားရောက်လည်ပတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ငွေဆောင်ကမ်းခြေဒေသသို့ သွားရောက်လည်ပတ်




ပုသိမ်၊ ဒီဇင်ဘာ ၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ယမန်နေ့က ငွေဆောင်ကမ်းခြေသို့ သွားရောက်လည်ပတ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများက ပုသိမ်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ငွေဆောင်အပန်းဖြေ ဆင်စခန်းသို့သွားရောက်ရာ ဆင်စခန်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည်ဆင်စာများကျွေး၍ ဆင်လိမ္မာများ၏ ဆင်အလှပြကွက်များအား ကြည့်ရှုအားပေးခဲ့သည်။ 

ဆက်လက်၍   ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  ငွေဆောင်မြို့ ESKALA ဟိုတယ်သို့ရောက်ရှိရာ တိုင်းဒေသကြီးစီးပွားရေးဝန်ကြီးနှင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြပြီး ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ငွေဆောင်ကမ်းခြေတွင် လှည့်လည်ကြည့်ရှုခဲ့ပြီး လမ်းလျှောက်အပမ်းဖြေခြင်း၊ ရေကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ညပိုင်းတွင် ESKALA ဟိုတယ်၌ ညစာစားပွဲအခမ်းအနားကိုပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နွေးထွေးလှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကဆောင်ရွက်သည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊  ရှေးဟောင်း အဆောက်အဦများ၊ တန်ခိုးကြီးဘုရားစေတီများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ နယ်မြေတစ်ခုလည်းဖြစ်ပြီး ရေလမ်း၊ ကုန်းလမ်းအပါအဝင် လေကြောင်းဆက်သွယ်ရေးများနှင့် အချိန်ရာသီမရွေး သွားလာနိုင်သော တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှုနှင့် ပူးတွဲအားထုတ်မှုများကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့မျက်မှောက် အချိန်တွင် ခိုင်မာမှုအားအကောင်းဆုံး အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ 

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr. Sholban Kara-Oolက နိုင်ငံနယ်နိမိတ်ချင်းထိစပ်မှု မရှိဘဲ ဝေးကွာနေသော်လည်း နှစ်နိုင်ငံဆက်ဆံရေး နီးစပ် ရင်းနှီးခင်မင်စွာ တွေ့ဆုံကြရသည့်အတွက် အထူးပင်ဝမ်းမြောက်မိပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တံ့ခိုင်မြဲအောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လာရောက်လည်ပတ်စဉ် ရင်းနှီးချစ်ကြည်စွာ ကြိုဆို ဧည့်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ရင်းရင်းနှီးနှီး ညစာသုံးဆောင်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)