ဒေါပုံမြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်၌ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသည့် အသိပညာပေး ဟောပြောပွဲကျင်းပ



ဗိုလ်တထောင် , ဒီဇင်ဘာ ၆


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၌ ဗိုလ်တထောင်ခရိုင်၊ သန်လျင်ခရိုင်၊ ကျောက်တံတားခရိုင်၊ အလုံခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူး၍ အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ်၊ အမျိုးသမီးများဆိုင်ရာ အကာအကွယ်ပေးထားသည့် အခွင့်အရေးဥပဒေအကြောင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ (၄) ရက် နံနက် (၉) နာရီက ဒေါပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်လေးခရိုင်အတွင်းရှိ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်စမ်းစမ်းထွေးက ''အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး''၊ ဗိုလ်တထောင်ခရိုင် ဥပဒေအရာရှိ ဦးဆွေဦးက '' သက်ငယ်မုဒိန်း၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု'' ၊  ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့စု ရဲအုပ်သန်းထွန်းနိုင်က '' လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရေး '' ၊ ရန်ကုန် (အရှေ့ပိုင်း) မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရဲတပ်ဖွဲ့ ရဲမှူး လှသိန်းစိုးက '' မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် '' ၊ ဗိုလ်တထောင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သီတာဦးက ''မျိုးဆက်ပွားနှင့် ပျိုရွယ်သူကျန်းမာရေး '' ခေါင်းစဥ်များဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် သက်ဆိုင်ရာ ခေါင်းစဥ်များအလိုက် ဟောပြောမှုများအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လှန်မေးမြန်းမှုများ၊ ဖြေကြားမှုများ ပြုလုပ်ခဲ့ကြပြီး ဖြေဆိုနိုင်ခဲ့ကြသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ခင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)