ရန်ကုန်, ဒီဇင်ဘာ ၁၅
သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ စံပြငမိုးရိပ်ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးဝေဖြိုးခိုင်ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး ထိန်းသိမ်းထားသိုနည်းများကို အသိပညာပေး ရှင်းလင်းပြောကြားပြီး ဈေးရှေ့တွင် မီးငြှိမ်းသတ်ခြင်းနှင့်ပတ်သက်၍ အရေးပေါ်မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂစ်မီးအသုံးပြုသူများအနေဖြင့် မီးလောင်မှုဖြစ်ပေါ်လာပါက အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးမရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသခြင်း၊ တက်ရောက်လာကြသည့် ဈေးသူ/ ဈေးသား၊ ဈေးတာဝန်ခံများမှ ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် စည်ပင်သာယာဈေးများရုံးမှ ဌာနစုမှူးဦးခင်မောင်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်အတွင်းရှိဈေးတာဝန်ခံများ၊ ဝန်ထမ်းများနှင့် ဈေးသူ/ဈေးသားများ စုစုပေါင်း (၇၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment