နေပြည်တော်၊ ဒီဇင်ဘာ ၁၅
တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည်။
ယမန်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာ မှ ဒေသခံပြည်သူ ၁၂၈ ဦးတို့ကို အဆိုပါကျေးရွာရှိ ဘိုးဘွားရိပ်သာဓမ္မာရုံ၌လည်းကောင်း၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ အင်းတန်ကျေးရွာမှ သံဃာတော် ၆ ပါးနှင့် ဒေသခံပြည်သူ ၁၂၉ ဦးတို့ကို အဆိုပါကျေးရွာရှိ စံပယ်ခြံတပ်ဦးကျောင်း၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘူမိအနောက် ရပ်ကွက်မှ သံဃာတော် ၁၀၂ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၃၃ ပါးနှင့် ဒေသခံပြည်သူ ၇၂ ဦးတို့ကို အဆိုပါရပ်ကွက်ရှိ မဏိရတနာရာမမြတောင်ကျောင်းတိုက်၌လည်းကောင်း အသီးသီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ အဆစ် အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ ကျန်းမာ ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment