မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်ရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်ရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ကွင်းဆင်းဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး





ပေါင်၊ ဒီဇင်ဘာ ၂၂

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး(ကုတင်၅၀၀)၊ အမျိုးသမီးနှင့် ကလေးအထူးကု ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် အလှပ်ကျေးရွာရှိ သာယာကုန်းဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာကုန်းဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဥူးကဝိန္ဒ အားဖူးမြှော်ကြည်ညို၍လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားသည်။

ထို့နောက် အဆိုပါ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသပေးခြင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများ

အားဒေသထွက် အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်၍ ဆေးကုသမှုခံယူကြမည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။ ကွင်းဆင်းဆေးကုသပေးရာတွင် ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုး ဦးဆောင်၍  အထူးကုဘာသာရပ်များဖြစ်သည့်  ခွဲစိတ်၊ အရိုး၊ ဆေးပညာ၊ မျက်စိ၊ နားနှာခေါင်းလည်ချောင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ ဓာတ်မှန်၊ သားဖွားမီးယပ်နှင့်ကလေးအထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာ ဝန်များ၊ သက်ဆိုင်ရာလက်ထောက်ဆရာဝန်များ၊ ပေါင်မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါ်တာမင်းညွန့်ဝင်း သူနာပြု ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ပေါင်မြို့နယ် အလှပ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးလက်နေပြည်သူ(၅၀၀)ဦးအား ကျန်းမာရေးစောင့်ရှောက် ကုသပေးခဲ့ကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)