၂၀၂၄-၂၀၂၅ ပညာသင်နှစ် လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၄-၂၀၂၅ ပညာသင်နှစ် လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့သင်တန်းဆင်းပွဲကျင်းပ




လင်းခေး ,ဒီဇင်ဘာ ၃


ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ပညာရေးကော်မတီက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း (လင်းခေး)၏ ဘင်ခရာတပ်ဖွဲ့သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက အဆိုပါကျောင်းပုရိဝုဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင် နာယကဦးပေါ်လာက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်က ဘင်ခရာတပ်ဖွဲ့၊ ဖွဲ့စည်းပေးရခြင်းနှင့် စပ်လျဥ်းသည်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘင်ခရာတပ်ဖွဲ့ မေဂျာ(၇)ဦးအား အ.ထ.က(လင်းခေး)စလွယ်များ အသီးသီးပေးအပ်ခြင်း၊ ဘင်ခရာတပ်ဖွဲ့အတွက် လှူဒါန်းသည့် အလှူရှင်များထံ ဂုဏ်ပြုလွှာများပေးအပ်ခြင်း၊ နည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။


ယင်းနောက် ဘင်ခရာတပ်ဖွဲ့၊ ပန်းပွားအကအဖွဲ့များက အလှပြဖျော်ဖြေတင်ဆက်ခြင်း၊ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။


အဆိုပါသင်တန်းသို့ သင်တန်း သားကျောင်းသားကျောင်းသူစု စုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ (၄ လ)ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။


စိုင်းဇော်လတ်(လင်းခေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)