ကျိုင်းတုံ ,ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်က ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားအောင် ကျန်းမာရေးဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ကင်းဝေးသော အနာဂတ်ကို ဖော်ဆောင်ရာတွင် ကုသရေးဝန်ဆောင်မှုများကို လူတိုင်းတမ်းတူညီမျှ လက်လှမ်းမီရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ပိုစတာ၊ ကာတွန်း ပြိုင်ပွဲများတွင် ဆုရရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးပြီး မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကာကွယ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှုမှတ်တမ်းဗွီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်းများဖြန့်ဝေခြင်း၊ ကျန်းမာရေးပြခန်းငယ်နှင့် သွေးဖောက်စစ်ဆေးခြင်းများကို အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment