ဘုတ်ပြင်း ,ဒီဇင်ဘာ ၃
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းတွင် အထက-အောက်လိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မင်းဝါက လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိပညာဗဟုသုတ ပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြှင့်မားစေရေး၊ လူငယ်အချင်းချင်း အသိပညာဖလှယ်မှု ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းပူးပေါင်းတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်မားတိုးတက်စေရေးစသည့် လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက ဦးဆောင်၍ Grade-10 ကျောင်းသူ မစန္ဒီမြင့်လွင်၊ Grade-11 ကျောင်းသူ မပိုးအိမ်ဖြိုး၊ Grade-10 ကျောင်းသူ မဝသုန်ဖူး၊ Grade-9 ကျောင်းသူ မစိုးစန္ဒာထွန်း၊ Grade-9 ကျောင်းသား မောင်ဇေယျာမင်းလွင် တို့က စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ရေး၊ ကျောင်းသားနှင့်စည်းကမ်း၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရေးဘေးအန္တရာယ်အသိပညာပေး စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိလိုသည်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆွေးနွေးပွဲအပြီးတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ မြို့နယ်အတွင်း စာဖတ်ရှိန် တိုးတက်မြှင့်မားရေးနှင့် လူငယ်ရေးရာလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment