လွိုင်ကော်၊ မြင်းခြံ၊ တောင်ခမ်းတို့တွင် အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်၊ မြင်းခြံ၊ တောင်ခမ်းတို့တွင် အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်


နေပြည်တော်၊ ဒီဇင်ဘာ ၃

ကယားပြည်နယ်၊ လွိင်ကော်မြို့နယ်အတွင်း ဒီဇင်ဘာလ ၁ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် နွားလဝိုးလမ်းဆုံ၏ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ အောင်သပြေလှိဏ်ဂူအနီးသို့ KNPP/KNDF နှင့် အကြမ်းဖက်သမားပူးပေါင်းအင်အား ၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ် နှိမ်နင်းခဲ့ရပြီး အကြမ်းဖက်သမားများထံမှ အမ်အေ(၁) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာ မြောက်ကျွန်းရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သမား ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် စတင်ပစ်ခတ် ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး RPG  ၁ လက်၊ ကျည် ၁၈ တောင့် သိမ်းဆည်းရမိခဲ့သည်။

ဒီဇင်ဘာ ၂ ရက်၊ နေ့လည် ၂ နာရီချိန်ခန့်က တောင်ခမ်းဒေသရှိ ပွိင့်-၁၁၃၀ စခန်းအား ချဉ်းကပ်၍ ခြောင်းမြောင်းနေသည့် TNLA အကြမ်းဖက် ၁ ဦးအား Sniper ဖြင့် ပစ်ခတ်ချေမှုန်း ဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်စဉ်တွင် TNLA အလောင်း ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၅၇ တောင့် သိမ်းဆည်းရရှိခဲ့သည်။

ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ နယ်မြေခံတပ်ရင်းဌာနချုပ်အနီး ဒီဇင်ဘာလ ၂ရက်နေ့ က လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၆ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၇၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်နှိမ်နင်းခဲ့ရပြီး အကြမ်းဖက်သမားများအသုံးပြုသည့် အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၆၀ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)