လစ်သူရေးနီးယားကို သံတမန်နည်းနဲ့ လက်စားချေမယ်လို့ တရုတ်ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လစ်သူရေးနီးယားကို သံတမန်နည်းနဲ့ လက်စားချေမယ်လို့ တရုတ်ဆို


၂၀၂၄၊ ဒီဇင်ဘာ ၃ 

အီယူအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ လစ်သူရေးနီးယားက တရုတ်သံဝန်ထမ်း ၃ ဦးကို နှင်ထုတ်လိုက်သည့်အတွက် တရုတ်အစိုးရက ၎င်းကိစ္စနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့သည့်အပြင် သံတမန်နည်းဖြင့် လက်စားချေမည်ဟုလည်း သတိပေး ပြောဆိုလိုက်သည်။

ပြဿနာ၏ အစမှာ ဘောလ်တစ်ပင်လယ်အတွင်း ရေအောက်ကေဘယ်ကြိုး ၂ချောင်း ပျက်စီးသွားမှုတွင် တရုတ်သင်္ဘောတစ်စင်း ပါဝင်ကြောင်း ထိုင်ဝမ်ဘက်မှ လစ်သူရေးနီးယားကို သတင်းပေးခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက ဗီယင်နာကွန်ဗင်းရှင်းနှင့် လစ်သူယေးနီးယားဥပဒေတို့ကို ချိုးဖောက်သည်ဟု လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အခိုင်အမာပြောဆိုခဲ့သည်။ ၎င်းအပြင် တရုတ်နိုင်ငံ၏ သံတမန်မစ်ရှင်မှ ဝန်ထမ်းသုံးဦးကို သောကြာနေ့တွင် သံတမန်စည်းကမ်းနှင့်ညီညွတ်မှု မရှိကြောင်း ကြေညာခဲ့သည်။

ဘေဂျင်းအစိုးရဘက်ကမူ အဆိုပါ လုပ်ရပ်သည် “မလိုအပ်ဘဲချဲ့ကား၍ ရန်စသည့် လုပ်ရပ်” အဖြစ် ဖော်ပြခဲ့ပြီး “လစ်သူယေးနီးယားကို တန်ပြန်အရေးယူပိုင်ခွင့် ရှိသည်” ဟု ပြောကြားခဲ့သည်။

လစ်သူရေးနီးယားက သံတမန်များကို တစ်ပတ်အတွင်း နိုင်ငံတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့သည်။ သို့သော် လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး မည်သည့်အကြောင်းပြချမျှ မပေးခဲ့ချေ။  "သံတမန်ဆက်ဆံရေးဆိုင်ရာဥပဒေပါ ဗီယင်နာသဘောတူညီချက်၊ နိုင်ငံတကာဥပဒေ၏ အခြားအခြေခံများနှင့် ကျင့်ထုံးများနှင့် လစ်သူယေးနီးယားနိုင်ငံဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက် များအရ တာဝန်ရှိအာဏာပိုင်များက ပေးအပ်သည့် အချက်အလက်များနှင့် အသိအမှတ်ပြုခံမဟုတ်သော ဝန်ထမ်းများ၏ အဆင့်အတန်းနှင့် လုပ်ဆောင်ချက်များ ကိုက်ညီမှုမရှိခြင်းကြောင့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည် ” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ထက်ပြဿနာတစ်ရပ်ကမူ လစ်သူရေးနီးယားက ထိုင်ဝမ် သံရုံးကို ဖွင့်ခွင့်ပြုခြင်းနှင့် ပတ်သက်နေပါသည်။ ယင်းကိစ္စအပေါ် "တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို နှောင့်ယှက်မှု ရပ်တန့်ရန် လစ်သူယေးနီးယားကို တရုတ်က တောင်းဆိုလိုက်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အခက်အခဲများ ဖန်တီးနေခြင်းကို ရပ်တန့်ဖို့ လိုပါသည် " ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။


REF: RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)