ထားဝယ်၊ ဒီဇင်ဘာ ၃
“အနာဂတ်မှာအားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများဖော်ဆောင်နိုင်မှု မြှင့်တင်ပေး” ဟူသောဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က နှစ်စဉ်ဒီဇင်ဘာလ(၃)ရက်နေ့တွင်အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် နိုင်ငံတကာတွင်အခမ်းအနားများကျင်းပသလို မြန်မာနိုင်ငံတွင်လည်း လူ့အဖွဲ့အစည်း အတွင်းမသန်စွမ်းသူများ၏အသုံးဝင်တန်ဖိုးရှိခြင်းတို့ကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတကာအဆင့်အခမ်းအနား ကျင်းပပြီး ယခုလိုတိုင်းဒေသကြီးအဆင့် အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်မသန်စွမ်းသူများ လူ့အသိုက်အဝန်းအတွင်း အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ မသန်စွမ်းသူများကြုံတွေ့နေရသည့် မညီမျှမှုများ ကို လျှော့ချနိုင်ရေးအတွက်ရည်ရွယ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၇)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ တိုင်းဒေသကြီးကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မှာ မသန်စွမ်းမှု ကိုအကြောင်းပြု၍ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊အကြမ်းဖက်ခြင်းများမရှိစေရေး၊ မသန်စွမ်းမှုဆိုင်ရာ အသိပညာ မြင့်မားစေရေးတို့အတွက် မသန်စွမ်းမှုအမျိုးအစားအလိုက် အသိပညာပေးခြင်း၊ အထူးလိုအပ်ချက်ရှိသော ကလေးများ ပြုစုစောင့်ရှောက်မှု အသိပညာပေးသင်တန်းများ၊ မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာအသိပညာ ပေးသင်တန်းများ၊ မသန်စွမ်းအားကစားပြိုင်ပွဲ၊မသန်စွမ်းသူများနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲများနှင့်မသန်စွမ်းမှု အမျိုးမျိုးနှင့် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာ စစ်ဆေးပံ့ပိုးခြင်း(Early Childhood Intervention Services-ECI) လုပ်ငန်းဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒါ့အပြင် မူလတန်းကြိုကျောင်းများတွင် ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေ အနေ တိုင်းတာစစ်ဆေးပံ့ပိုးသည့် ဝန်ဆောင်မှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ အတွက် အတားအဆီးကင်းသော ပတ်ဝန်းကျင်(Barrier Free)ကို Mainstreaming အနေဖြင့်ကဏ္ဍတိုင်း ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးကြရန် နှင့်မသန်စွမ်းသူများ၏လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရန်မသန်စွမ်းသူများ၏ပါဝင်မှုနှင့်ခေါင်းဆောင်နိုင်မှုတို့ကို အား ပေး မြှင့်တင်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Message နှင့် မသန်စွမ်းသူများ၏ တောင်ယာဝင်ချိန် တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ကြည့်ရှု အားပေးပြီး အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးတရားလွှတ်တော်တရားသူ ကြီးချုပ်ဒေါ်ပိုက်ပိုက်အေး က အခြေခံပညာအလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင် က မသန်စွမ်း ဖျော်ဖြေရေးအဖွဲ့အား ဆုငွေ(၁)သိန်းကျပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment