၂၀၂၄၊ ဒီဇင်ဘာ ၃
ဆီးရီးယားမှာ ဂျီဟတ်ဝါဒီတွေရဲ့ ထိုးစစ်ကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး စတင်ခဲ့တယ်လို့ အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အစ္စမေးဘက်ဟာအီ က စွတ်စွဲပြောဆိုလိုက်ပါသည်။ အစ္စရေးသည် လစ်ဘနွန်ရှိ ဟစ်ဇ်ဘိုလာနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုပြီးနောက်မှာပင် အကြမ်းဖက်သမားများက ဆီးရီးယားမြောက်ပိုင်းကို တိုက်ခိုက်ခဲ့ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဟု ၎င်း၏ ပြောကြားချက်အရ သိရသည်။
Hayat Tahrir-al-Sham (HTS) အကြမ်းဖက်အဖွဲ့ (ယခင် Jabhat al-Nusra) သည် မဟာမိတ်ပြည်သူ့စစ်များ နှင့်အတူ ဆီးရီးယားမြောက်ပိုင်းရှိ အစိုးရထိန်းချုပ်နယ်မြေကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် စတင်ချေမှုန်းခဲ့သည်။ အလက်ပို၊ အိဒ်လစ် နှင့် ဟာမာ ပြည်နယ်များရှိ ရွာများနှင့် မြို့အများအပြားကို ဂျီဟတ်သမားများက သိမ်းပိုက်ပြီး သောကြာနေ့တွင် အလက်ပိုမြို့သို့ ဝင်ရောက်ခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့တို့ နှစ်ရှည်လများ ညှိနှိုင်းထားသည့် အပစ်အခတ်ရပ်စဲရေး စတင်သည့်နေ့၌ပင် ဂျီဟတ်တို့၏ ကနဦး ထိုးစစ် စတင်အသက်ဝင်ခဲ့သည်။
"လက်ဘနွန်က အပစ်အခတ်ရပ်စဲရေးနဲ့ ဆီးရီးယားမှာ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ဂျီဟတ်တို့ရဲ့ ထိုးစစ်က တစ်ပြိုင်နက်နီးပါးဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အရာရှိတွေရဲ့ ထုတ်ပြန်ချက်တွေဟာ အကြမ်းဖက်သမားတွေ၊ အမေရိကန်နဲ့ ဇီယွန်ဝါဒီ အစိုးရတို့ကြား ညှိနှိုင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်မျိုးမျိုး ရှိနေတာကို ညွှန်ပြနေပါတယ်" ဟု အစ္စမေးဘက်ဟာအီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဝါရှင်တန်အစိုးရ နှင့် အနောက်ဂျေရုဆလင်အစိုးရတို့သည် ဆီးရီးယားကို အားပျော့စေရန်နှင့် “အစ္စလာမ္မစ်နိုင်ငံများကြားတွင် သဘောထားကွဲလွဲမှုနှင့် ဆူပူအုံကြွမှုများ ဖန်တီးရန်” တိုက်ခိုက်မှုကို အသုံးပြုနေကြောင်း ၎င်းကဆိုသည်။ ဝါရှင်တန်အစိုးရသည် ဆီးရီးယားနိုင်ငံတွင်း လည်ပတ်နေသော စစ်သွေးကြွအုပ်စုများကို ကူညီထောက်ပံ့နေသည်မှာ ကြာမြင့်ပြီဖြစ်ပြီး အစ္စရေးသည် ဆီးရီးယားမှ အများဆုံးအကျိုးအမြတ်ရှိသည့် နိုင်ငံဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်က တိုက်ခိုက်မှုသည် ၂၀၂၀ ခုနှစ်တွင် ရုရှားနှင့် တူရကီတို့က ကြားဝင်ဖျန်ဖြေပေးခဲ့သည့် ဆီးရီးယား အစိုးရနှင့် စစ်သွေးကြွများကြား အပစ်အခတ်ရပ်စဲရေးကို ထိရောက်စွာ ချိုးဖျက်နိုင်ခဲ့သည်ဟု ၎င်းက ဆိုပါသည်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment