မူးယစ်‌ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး တွင် World AIDS Day အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်‌ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး တွင် World AIDS Day အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ




တာမွေ၊ ဒီဇင်ဘာ ၃

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ကြီးမှူး၍ World AIDS Day အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ရန်ကုန်မြို့ရှိ  မူးယစ်‌ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်စုဝေးခန်းမ တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။ 

အဆိုပါ အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏ ကျောင်းသား လူငယ်ထုဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင်လူရွှင်တော် ဦးချစ်ချော က မူးယစ်ဆေးဝါးဆိုးကျိုးများ အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မူးယစ်‌ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟို အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်း က HIV/AIDS ရောဂါ အကြောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။             

“ဦးချစ်အနေနဲ့ကတော့ World AIDS Day နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ကျန်းမာရေး ပညာပေး မျှဝေပေး မှာဖြစ်ပါတယ်။ AIDS ရောဂါနဲ့ပတ်သက်ပြီး သတိ အသိလေးတွေ ပေးမှာဖြစ်ပါတယ်။ World AIDS Day ဆိုတာကို လူတိုင်းက သိကြတယ်၊။ ထိုနည်းလည်းကောင်းပဲ AIDS ရောဂါဆိုတာကိုလည်း လူတိုင်းက သိကြပေမယ့် သူတို့ အနေနဲ့က ဒီရောဂါကို ကြောက်ရကောင်းမှန်းမသိကြတော့ဘူး၊ ဂရုစိုက်ရကောင်းမှန်း မသိကြတော့ဘူး။  လူတွေက ကိုဗစ်ရောဂါလို ဖြစ်လာရင် အသေအပျောက်များတဲ့ ရောဂါတွေကို ကြောက်လန့်ကြတယ်။ AIDS ရောဂါကို သိပ်ဂရုမစိုက်ဘဲ ပေါ့ပေါ့လျော့လျော့ နေလာကြတာများတယ်။ အဲဒါကို ပေါ့ပေါ့လျော့လျော့ မနေကြဖို့ အတွက် အသိသတိပေးတဲ့ သဘောပါ။ ”ဟု ဟာသသရုပ်ဆောင်လူရွင်တော် ဦးချစ်ချောက ပြောသည်။ 

ဆက်လက်၍ အတွင်းရေးမှူးဒေါ်ခင်ခင်ဝင်းကလည်း “ဒီနေ့ ပွဲလေးက ဒီဇင်ဘာ ၁ရက်မှာ ကျရောက်တဲ့ World AIDS Day အထိမ်းအမှတ် ကျင်းပဖြစ်တဲ့ ပွဲလေးပါ။ အရင်တုန်းကတော့ အန်တီတို့ အသင်းအနေနဲ့ နှစ်စဉ်ကျောင်းတွေမှာ လိုက်လံဟောပြောလေ့ရှိတယ်။ ဒီနှစ်လည်း ဟောပြောဖို့ စီစဉ်ထားတာရှိတယ်။ အခုလောလောဆယ်မှာ အန်တီတို့ သင်တန်းကျောင်းက ရှိနေတဲ့ ကလေးတွေကို HIV/AIDS ရောဂါနဲ့ပတ်သက်တာတွေ၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေအနေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ HIVပိုးကြောင့် AIDS ရောဂါဖြစ်ပေါ်လာနိုင်ချေရှိတာတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။ 

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် World AIDS Day  အကြောင်း သိကောင်းစရာ အကြောင်းများနှင့် အတူ HIV ၊ AIDS ရောဂါများနှင့် စပ်လျဉ်း၍ သိကောင်းစရာ အကြောင်းများကို ဟောပြောခဲ့ကြရာ  မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟို မေတ္တာစံအိမ်တွင် ပြန်လည်ထူထောင်မှု ခံယူနေသည့် သင်တန်းသားများ တက်ရောက်ခဲ့ကြ‌ ကြောင်းသိရသည်။


ထက်အောင်လင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)