ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများ၌ ပြန်လည်အစားထိုးစိုက်ပျိုးသည့် သီးနှံများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများပေးအပ်ပွဲအခမ်းအနား ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများ၌ ပြန်လည်အစားထိုးစိုက်ပျိုးသည့် သီးနှံများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများပေးအပ်ပွဲအခမ်းအနား ပြုလုပ်

 




ရေတာရှည် , ဒီဇင်ဘာ ၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးဧရိယာများ၌ ပြန်လည်အစားထိုးစိုက်ပျိုးသည့် သီးနှံများအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှလှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၄ ရက် နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန သင်တ​န်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းသော ရွက်ဖျန်းမြေသြဇာနှင့် ပိုးသတ်ဆေးများအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းမှ ဆတ်သေ​ကျေးရွာအုပ်ချုပ်​ရေးမှူးအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်​ဝေက ဝဲဒေါင့်ကျေးရွာအုပ်ချုပ်ရေးမှူးအားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ဦးဌေးဝင်းအောင်မှ ကက္ကူကျေးရွာအုပ်ချုပ်​ရေးမှူးအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ရေတာရှည် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)