ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပါ အချို့ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပါ အချို့ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး ဆွေးနွေး


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပလျက်ရှိရာ ဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပါ အချို့ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး ဆွေးနွေးမှုများလည်း ပါဝင်ကြောင်း အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ပြောသည်။

ဗိုလ်မှူးကြီး ဝဏ္ဏအောင် က "ဒီနေ့ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲက လေ့လာရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ရှင်းလင်းခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပါ အချို့ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် တည်ဆောက်နိုင်ရေးနဲ့ ရွေးကောက်ပွဲနဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် လွှတ်တော် ပြင်ပလမ်းကြောင်းက ဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အစိုးရ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်လာကြမှာဖြစ်ပါတယ်။ အခုလိုဆွေးနွေးပွဲတွေက ရရှိလာမယ့် သဘောတူညီချက်တွေကို လွှတ်တော်အတွင်းမှာ ပြန်လည်ဆွေးနွေးကြရင် လွယ်ကူမြန်ဆန်စွာ သဘောတူညီနိုင်ကြမှာ ဖြစ်ပါတယ်။ ညှိနှိုင်းရေးကော်မတီအနေနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်ဆောင်ရွက်ပြီး ဘုံသဘောတူညီချက်တွေရရှိအောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။" ဟု ပြောသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)