ပေါင်၊ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကို ယနေ့နံနက် ၅း၀၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှ စတင်လမ်း လျှောက်ခဲ့သည်။
အဆိုပါ လူထုလမ်းလျောက်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ကာ ကမ္ဘာအေးဘုရားလမ်း၊ အောက်လမ်းမကြီး၊ ဇော်လေးပင်လမ်းမှ မြို့နယ်အားကစားရုံသို့ စုပေါင်း၍ လမ်းလျှောက်ပြီး မြို့နယ်အားကစားရုံးရှေ့သို့ တစ်ပျော်တပါးစုပေါင်းလမ်းလျှောက်ကာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မွန်မလေး
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment