လူ ၅သောင်း နီးပါး သေသွားပြီဖြစ်လို့ ကုလအထွေထွေညီလာခံက ဂါဇာတွင် ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးအတွက် ဖိအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူ ၅သောင်း နီးပါး သေသွားပြီဖြစ်လို့ ကုလအထွေထွေညီလာခံက ဂါဇာတွင် ခြွင်းချက်မရှိ အပစ်အခတ် ရပ်စဲရေးအတွက် ဖိအားပေး


၂၀၂၄၊ ဒီဇင်ဘာ ၁၂ ( ကြာသပတေးနေ့ ) 

ဂါဇာတွင် ၁၄ လကြာ စစ်ပွဲအဆုံးသတ်ရေး မျှော်လင့်ချက်ဖြင့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်ချက်တစ်ခု အတည်ပြုခဲ့သည်။ 

ကြားနေ ၁၃ မဲ၊  ထောက်ခံ၁၅၈ မဲ နှင့် ကန်ကွက်၉ မဲ ဖြင့် အတည်ပြုထားသည့် ချုပ်ထိန်းမှုမရှိသော ကြေညာချက်တွင် "ချက်ခြင်း၊ ခြွင်းချက်မရှိ နှင့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေး" တောင်းဆိုထားပြီး "ဓားစာခံအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်" တိုက်တွန်းထားသည်။

ပြီးခဲ့သောလကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အလားတူ အသုံးအနှုန်းနဲ့ ပတ်သက်သည့်စာတမ်း တစ်ခုကို အမေရိကန်က  ဗီတိုအာဏာသုံးပယ်ချခဲ့ပြီးနောက် အထွေထွေညီလာခံက ယခုကဲ့သို့ အရေးယူ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ဟားမတ်စ်တို့၏ လက်ကျန်အစ္စရေး ဓားစာခံများအားလုံးကို လွှတ်ပေးရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော သဘောတူညီချက်ကို အမေရိကန်က ထောက်ခံမည်မဟုတ်ကြောင်း ထိုအချိန်က ငြင်းဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့ မဲခွဲမှုအတွင်း အမေရိကန်က ၎င်း၏ ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ပြီး သံအမတ်ကြီး ရောဘတ်ဝုဒ်က အဆိုပါဆုံးဖြတ်ချက်အား “ရှက်စရာကောင်းပြီး မှားသည်” ဟု ဖော်ပြခဲ့သည်။ 

"လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးကြောင့် ဟားမတ်စ်တွေ အထီးကျန်ဖြစ်နေချိန်မှာ၊ ဂါဇာကမ်းမြောင်က အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းဟာ ဓားစာခံတွေကို စေ့စပ်ညှိနှိုင်းဖို့ ဒါမှမဟုတ် လွှတ်ပေးဖို့ မလိုအပ်ဘူးလို့ ဟားမတ်စ်ထံ အန္တရာယ်ရှိတဲ့ သတင်းစကား ပေးပို့ခြင်းဖြစ်ပါတယ်" လို့ ဝုဒ် က အထွေထွေညီလာခံသို့ ပြောကြားခဲ့သည်။ အစ္စရေး၏ အထူးသံတမန် ဒန်နီဒန်နွန် ကလည်း ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲခြင်းသည် ဟားမတ်စ်အတွက်သာ အကျိုးရှိမည်ဟု စောဒကတက်ခဲ့သည်။ “ဒီနေ့မဲက ကရုဏာအတွက် မဲမဟုတ်ဘူး။ ဒါဟာ ညီညွတ်မှုအတွက် မဲပေးသင့်တာပါ” ဟု ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ဂါဇာတွင် ပါလက်စတိုင်းသား ၄၅,၀၀၀ နီးပါးကို အစ္စရေးတပ်ဖွဲ့များက သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း ဟားမတ်စ်အဖွဲ့မှ အာဏာပိုင်များက ပြောကြားခဲ့သည်။ လူနေထူထပ်သော ပါလက်စတိုင်းနယ်မြေအတွင်း ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှုအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂက အကြိမ်ကြိမ်သတိပေးခဲ့ပြီး အဆိုပါအဖွဲ့အစည်း၏ အလယ်အလတ် ငြိမ်းချမ်းမှု ညှိနှိုင်းရေးမှူး မိုဟာမတ် ဟာဒီက လုံခြုံရေးကောင်စီအား ပြီးခဲ့သည့်လက ပြောကြားရာတွင် “ဆောင်းရာသီနီးကပ်လာသည် နှင့်အမျှ ဂါဇာတွင် ထိတ်လန့်စရာအခြေအနေများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်" ဆိုခဲ့သည်။ 


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)