လှည်းကူးမြို့နယ်၌ အလင်းအိမ်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်၌ အလင်းအိမ်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ






လှည်းကူး၊ ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာအုပ်စု အလင်းအိမ်စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက အင်းတိုင်ကျေးရွာ အလင်းအိမ်စာကြည့်တိုက်၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးဘိုကြည်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ လှည်းကူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ အင်းတိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်နှင့် အလင်းအိမ်စာကြည့်တိုက်​ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်တို့က စာကြည့်တိုက်အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဧည့်သည်တော်များက စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြား၍ အလင်းအိမ်စာကြည့်တိုက်အတွက် ငွေကျပ်သိန်း(၄၀)တန်ဖိုးရှိ စာကြည့်တိုက်သုံးပရိဘောဂနှင့် စာအုပ်စာစောင် (၁၀၈၃)အုပ်အား ပေးအပ်လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးက လက်ခံရယူသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက သုတ/ရသစာအုပ် (၁၀၀)အုပ်၊ ဦးရဲထွန်းနောင် (မြို့နယ်အုပ်ချုပ်ရေးမှူး) ဇနီးဒေါ်အေးမိသူမှ ငွေကျပ်(၁၅)သိန်း တန်ဖိုးရှိ ဗီရို(၂)လုံး၊ ကိုနန်းဦး(ဇရပ်ကွင်းအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်)မှ ငွေကျပ်သိန်း(၁၀၀)၊ ဦးဇော်ဝင်းအောင် (အင်းတိုင်ကျေးရွာအုပ်ချုပ်ရေးမှူး)မှ ငွေကျပ်(၁၀)သိန်းနှင့် ဦးဘိုကြည်(စာရေးဆရာဒေါက်တာဗိုလ်သံမဏိတောင်တွင်းကြီး)က သုတ/ရသစာအုပ်(၁၀၀)အုပ်တို့ကို ပေးအပ်လှူန်ဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်က အလင်းအိမ်စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များအား ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းထံ ပေးအပ်ပြီးနောက် အလင်းအိမ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)