အိန္ဒိယနိုင်ငံအစိုးရမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသော ဆန်တန် ၂၂၀၀ ကို လွှဲပြောင်းလက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယနိုင်ငံအစိုးရမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသော ဆန်တန် ၂၂၀၀ ကို လွှဲပြောင်းလက်ခံ






ရန်ကုန်၊ ဒီဇင်ဘာ ၁၂ 

အိန္ဒိယနိုင်ငံအစိုးရမှ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသော ဆန်တန် ၂၂၀၀ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ASIA WORLD ဆိပ်ကမ်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr.Abhay Thakur နှင့် သံရုံးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သံအမတ်ကြီးက ထောက်ပံ့လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံအစိုးရသည် မြန်မာနိုင်ငံအစိုးရအပေါ် အိမ်နီးချင်းကောင်းပီသစွာဖြင့် ကူညီထောက်ပံ့ရေး ကိစ္စများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် မှတ်တမ်း ဓာတ်ပုံရိုက်ကူးကြပြီး အိန္ဒိယ အစိုးရမှ မြန်မာနိုင်ငံသို့လှူဒါန်း သည့် ဆန်တန် ၂၂၀၀ တင် ဆောင်လာသည့် ဆန်ကွန်တိန်နာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)