မုံရွာ , ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကုန်စည်ဒိုင်သို့ရောက်ရှိရာ ကုန်စည်ဒိုင်အတွင်း မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့မှထွက်ရှိသည့် သီးနှံမျိုးစုံရောင်းဝယ်နေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာကုန်စည်ဒိုင်ရှိ အစည်းအဝေးခန်းမတွင် မုံရွာကုန်စည်ဒိုင်နာယက၊ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့ရှိ ကုန်စည်များစီးဆင်းမှု မြန်ဆန်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိလမ်းများအား အဆင့်မြှင့်တင်ပေးနေမှု၊ ပြည်သူများစားရေရိက္ခာဖူလုံစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှု၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများမှ မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် မုံရွာကုန်စည်ဒိုင်မှ နာယက၊ ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များနှင့်အဖွဲ့ဝင်များက ကုန်စည်ဒိုင်အတွင်း သီးနှံအမျိုးမျိုးရောင်းဝယ်နေမှုအခြအနေများနှင့် ဖြည့်ဆည်းပေါင်းစပ်ပေးရန် လိုအပ်မှုအခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ ပီတိသီးနှံပွဲရုံ၊ ထန်းတောရပ်ကွက်ရှိ ပင်ရင်းကြက်သွန်ပွဲရုံ၊ ဆူးလေကုန်းရပ်ကွက်ရှိ ဒို့ဗမာ ဆန်/ဆီပွဲရုံများသို့သွားရောက်၍ ကုန်စည်များ ထုတ်ပိုးရောင်းချနေမှုများနှင့် ကုန်စည်စီးဆင်းမှုအခြေအနေများအား ကုန်သည်များအားမေးမြန်ကာ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကုန်စည်များ သိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကုန်စိမ်းပွဲရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့အား ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးနှင့်သန့်ရှင်းသပ်ရပ်သည့် မြို့တော်ဖြစ်စေရန်ရည်ရွယ်၍ မြို့သာယာလှပရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာမီကာလ၌ ဖွင့်လှစ်ရောင်းချမည့် ပြည်ထောင်စုဈေးကုန်စိမ်းပွဲရုံလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည်နှင့်အညီ ပွဲရုံလုပ်ငန်းများအား တစ်နေရာတည်းတွင် ဝယ်ယူရောင်းဝယ် ဖောက်ကားနိုင်ရေးအတွက် ကုန်စိမ်းပွဲရုံအား တည်ဆောက်ပေးခဲ့ပါကြောင်း၊ မုံရွာမြို့ရှိ ကုန်ဈေးသည်များစနစ်တကျ ရောင်းဝယ်ဖောက်ကားနိုင်ပြီး မြို့နေပြည်သူများအနေဖြင့် ရာသီပေါ်သီးနှံများအား တစ်စုတစ်စည်းထဲဝယ်ယူရရှိနိုင်ကာ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြည်ထောင်စု ကုန်စိမ်းပွဲရုံအား မြေဧက ၃.၈ ပေါ်တွင် အလျား ၈၀ ပေ၊ အနံ ၆၀ ပေ၊ ဈေးရုံ ၁၂ ရုံ၊ ဈေးရုံတစ်ရုံလျှင် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အခန်းပေါင်း ၉၆ ခန်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆိုင်ခန်းများ ခွဲဝေချထားမည့်အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံလုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက မုံရွာမြို့အတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment