ကန်ကြီးထောင့် , ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ဌာနပိုင်ထရန်စဖော်မာများ လောင်ကျွမ်းပျက်စီးမှုမရှိစေရေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ကြီးကြပ်မှုဖြင့်၏ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းဦးပိုင်နှင့်ဝန်ထမ်းများက ဌာနပိုင်ထရန်စဖော်မာများအား ကြံ့ခိုင်မှု ရှိ/မရှိနှင့် လောင်ကျွမ်းပျက်စီးမှုမရှိစေရေး စစ်ဆေးခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် လျှပ်စစ်ဝန်ထမ်းများမှ အဆိုပါထရန်စဖော်မာများအား ကြံ့ခိုင်မှုရှိစေရေး အပတ်စဉ်တိုင်း ခြံဝန်းသန့်ရှင်းရေးများပြုလုပ်ခြင်းနှင့် စစ်ဆေးခြင်းများအား စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment