ကျိုက်လတ်၌ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေအကြံပေးခြင်းနှင့် အသိပညာပေးခြင်းဆိုင်ရာ ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်၌ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေအကြံပေးခြင်းနှင့် အသိပညာပေးခြင်းဆိုင်ရာ ဟောပြောပွဲကျင်းပ

 



ကျိုက်လတ် , ဒီဇင်ဘာ ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေအကြံပေးခြင်းနှင့် အသိပညာပေးခြင်းဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပန်းဘဲစုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခိုင်ခိုင်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်မှ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အဖွဲ့ဝင်ဦးသန်းထွန်းမှ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေ၏ ရည်ရွယ်ချက်ဖြစ်သော ဥပဒေဆိုင်ရာအထောက်အကူပေးရာတွင် ဥပဒေအရာ၌မျှတမှုနှင့် တန်းတူညီမျှမှုအခွင့်အရေးများ ရရှိစေရန်စသော ရည်ရွယ်ချက်များနှင့် ပြစ်မှုဆိုင်ရာတရားစီရင်ရေးတွင် အများပြည်သူက ယုံကြည်စိတ်ချရပြီး စဥ်ဆက်မပြတ်ထိရောက်စွာ အသုံးပြုနိုင်သော ဥပဒေဆိုင်ရာ အထောက်အကူပေးသည့် စနစ်ဖြစ်ပေါ်စေရေး အစရှိသော အခြေခံမူ(၆)ရပ်၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ဆောင်ရွက်ချက်လုပ်ငန်းစဥ်များကို သိရှိစေရန် အသိပေးရှင်းလင်းပြောကြားပြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


လှိုင်မင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)