ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၆၂) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (၆၂) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး တက်ရောက်



ဒါကာ၊ ဒီဇင်ဘာ ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ၂၆-၁၂-၂၀၂၄ ရက်၊ နံနက် ၁၀:၃၀ နာရီမှ ၁၂:၃၀နာရီအထိ ဒါကာမြို့အခြေစိုက် ဗီယက်နမ်သံရုံး၌ကျင်းပခဲ့သည့် (၆၂) ကြိမ် မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Manh Cuong  က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခြင်း၊ အာဆီယံ-ဒါကာကော်မတီ၏  ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည့် ASEAN Family Day ကျင်းပရေးကိစ္စအပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက် မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)