YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ထန်းတပင်မြို့နယ်တွင် ကျင်ပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို)မှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ထန်းတပင်မြို့နယ်တွင် ကျင်ပ






ရန်ကုန်၊ ဒီဇင်ဘာ ၂၇ 

YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၅) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်မှ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ဘကဘုန်တော်ကြီးသင်ပညာရေးကျောင်းများတွင် ကျင်းပခဲ့သည်။

ကျောင်းသားကျောင်းသူများ၏  (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုနေမှုကို မြို့နယ်သြဝါဒ သံဃာနာယက ဆရာတော်များ၊ YMBA ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှုးနှင့် တွဲဖက်အတွင်းရေးမှုးများ၊အမှုဆောင်များ၊ မြို့နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ 

အဆိုပါ(၇၅)ကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို ထန်းတပင်မြို့နယ်အတွင်းမှ အငယ်တန်း(၂၅၄)ဦး၊ အလတ်တန်း (၇၈)ဦး၊ အကြီးတန်း (၆၁)ဦး စုစုပေါင်း (၃၉၃)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)