အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း (Course in Diplomacy-CID) အမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း (Course in Diplomacy-CID) အမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ








နေပြည်တော်၊ ဒီဇင်ဘာ ၂၇

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သော ဌာနစုမှူး-၂/ တတိယ အတွင်းဝန် အရာထမ်းငယ်များအတွက် ဖွင့်လှစ်သည့် သံတမန်ရေးရာသင်တန်း (Course in Diplomacy-CID) အမှတ်စဉ် (၈/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက် (သောကြာနေ့)၊ နံနက် (၁၀၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

 အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ဆရာကြီး/ဆရာမကြီးများနှင့် သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့သည်။

 အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စ ဝန်ကြီးက သင်တန်းထူးချွန်သူများအား ဂုဏ်ပြုဆုများနှင့် ဒုတိယဝန်ကြီးများက သင်တန်း ပြီးမြောက်ကြောင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၇-၁၀-၂၀၂၄ ရက်မှ ၂၇-၁၂-၂၀၂၄ ရက်အထိ ရက်သတ္တ(၁၂) ပတ် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး၊ အရာထမ်းငယ်များ၏ အရည်အသွေးမြှင့်တင်ရန်နှင့် ဘာသာရပ်ဆိုင်ရာဗဟုသုတကြွယ်ဝစေရန်အတွက် နိုင်ငံခြား ရေးမူဝါဒ၊ နိုင်ငံတကာဆက်ဆံရေး၊ မျက်မှောက်ခေတ် နိုင်ငံတကာရေးရာများ၊ သံတမန်ရေး ရာဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများ၊ အထွေထွေဗဟုသုတများ အစရှိသည် တို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)