စားသုံးဆီမပြတ်လပ်ရေး၊ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသည့် စားသုံးဆီများ ဖြန့်ဖြူးနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားသုံးဆီမပြတ်လပ်ရေး၊ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသည့် စားသုံးဆီများ ဖြန့်ဖြူးနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ပြော

 


ရန်ကုန်၊ ဒီဇင်ဘာ ၂၂

(၃၂) ကြိမ်မြောက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲ ကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ အသင်းသူ အသင်းသားများနှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆောင်ရွက်ခဲ့မှုသမိုင်း ကြောင်းမှတ်တမ်းဗီဒီယိုကို ပြသပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက စားသုံးသူပြည်သူများ စားသုံးဆီမပြတ်လပ်ရေး၊ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာသည့် စားသုံးဆီများ ဖြန့်ဖြူးနိုင်ရေးကို အသင်းမှ ဦးတည်ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းအနေဖြင့် နိုင်ငံတော်အစိုးရ၊ စားသုံးသူများနှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့ဆိုင်ရာ ထုတ်လုပ်မှုတို့တွင် အသင်းမှ ဝိုင်းဝန်းကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ အသင်းသည် အသင်းသူ အသင်းသားတို့၏ အကျိုးစီးပွားကို အစဉ်ပံ့ပိုးပေးလျက်ရှိပြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း နိုင်ငံတော်အဖွဲ့ အစည်းများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအေးဝင်း တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး ၂၀၂၃-၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာနှင့် နှစ်ချုပ်ငွေ စာရင်းရှင်းတမ်း၊ စာရင်းစစ်အစီရင်ခံစာ၊ နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေ စာရင်းရှင်းတမ်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်ခြင်းတို့ကို တာဝန်ရှိသူများက တင်ပြကြကာ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဇော်က ကျေးဇူး တင်စကား ပြောကြားသည်။

(၃၂) ကြိမ်မြောက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြခန်းပေါင်း ၁၅ ခန်း ပါဝင်ပြသခဲ့ရာ တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့အထိ အသင်းဝင်ပေါင်း ၉၀၀၀ ကျော်ရှိကာ အသင်း၏ အဓိကမျှော်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံနှင့် စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)