ဂါဇာကို အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုက ရက်စက်မှုသက်သက်ပဲလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂါဇာကို အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုက ရက်စက်မှုသက်သက်ပဲလို့ ဆို


ဒီဇင်ဘာ - ၂၆ ( ကြာသပတေးနေ့) 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်မှုသက်သက်ပဲ ဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီးနောက် ဗာတီကန်၏ သံတမန်အား အစ္စရေးနိုင်ငံခြားရေးဌာနသို့ ဆင့်ခေါ်ခဲ့ကြောင်း အစ္စရေးမီဒီယာအချို့က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။

သတင်းဝဘ်ဆိုဒ် Ynet ၏ဖော်ပြချက်အရ ဂိုဏ်းချုပ်ဘုန်းတော်ကြီး အဒေါ့ဖိုတီတိုးယယ်လနာကို အင်္ဂါနေ့က အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အီရယ်ဘာသယ်နှင့် စကားပြောဆိုရန်အတွက် ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။  ဘာသယ်က က ပုပ်ရဟန်းမင်း၏ မှတ်ချက်ကို ရှုတ်ချခဲ့သော်လည်း ယယ်လနာ ကို တရားဝင် ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့ကြောင်း သတင်းများက ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးသည် ခရစ္စမတ်မတိုင်မီ ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို သက်တမ်းတိုးခဲ့ပြီး အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုကို မီးမောင်းထိုးပြခဲ့ပါတယ်။ “ဒါက ရက်စက်မှု သက်သက်ပါပဲ။ ဒါက စစ်ပွဲမဟုတ်ဘူး။ ကျွန်ုပ်ရဲ့ နှလုံးသားကို လာထိတဲ့အတွက် ဒီလိုပြောချင်တာပါ” လို့ ပုတ်ရဟန်းမင်းကြီးပြောတာကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ပါလက်စတိုင်းတို့အပေါ် အစ္စရေး စစ်တပ်မှ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအား ဂရုတစိုက် စုံစမ်းစစ်ဆေးသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြီးခဲ့သောလတွင် ဗာတီကန်သတင်း၌ ဖော်ပြခဲ့ပါတယ်။

အနောက်ဂျေရုဆလင်အစိုးရက ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ အခိုင်အမာ ပြောဆိုပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။ “ရက်စက်မှုဆိုတာ အစ္စရေး ကလေးတွေကို သတ်ဖို့ ကြိုးစားခဲ့တဲ့ ပါလက်စတိုင်း ကလေးတွေနောက်မှာ ပုန်းအောင်းနေတဲ့ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကသာ ရက်စက်မှုလို့ခေါ်တာပါ။ ကလေးငယ်များ အပါအဝင် ဓားစာခံ အယောက် ၁၀၀ ကို အကြမ်းဖက်သမားများက အနိုင်ကျင့်ပြီး ၎င်းတို့ကို ရက်ပေါင်း ၄၄၂ ရက်ကြာ ချုပ်နှောင်ထားတာကိုကြတော့ ဘာပြောမှာလဲ” လို့လည်း ဆိုထားပါသေးတယ်။  

"ကံမကောင်းစွာဖြင့်၊ ပုပ်ရဟန်းမင်းကြီးသည် ဤအရာအားလုံးကို လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်" ဟု အစ္စရေး သံတမန်များက ပြောကြားခဲ့သည်။ အစ္စရေးက ဟားမတ်စ်၏ ခြိမ်းခြောက်မှုကို အပြီးတိုင် ဖယ်ရှား နိုင်သည်အထိ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဆိုခဲ့ပါတယ်။


REF - RT

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)