ဒီဇင်ဘာ -၂၆ ( ကြာသပတေးနေ့ )
တက္ကဆက်အခြေစိုက် အယ်လ်ကွန်ဓာတ်ခွဲခန်းက The Systane Lubricant Eye Drops Ultra PFထုတ် မျက်စဉ်းဆေးများတွင် မှိုများကိုတွေ့ရှိခဲ့လို ဈေးကွက်အတွင်းရှိ မျက်စဉ်းဆေးများအား ပြန်လည်သိမ်းဆည်း ရန်အတွက် ပြည်ထောင်စုအစိုးရအား ပြီးခဲ့တဲ့ စနေနေ့က အကြောင်းကြားခဲ့ပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေဌာနကလည်း တနင်္လာနေ့က ၎င်းမျက်စဉ်းဆေးများကို ပြန်လည်သိမ်းရန်အတွက် ထုတ်ပြန်မှုပြုခဲ့လို့ မီဒီယာတွေက သတင်းဖော်ပြမှုတွေကို လုပ်ထားပါတယ်။
အယ်လ်ကွန်ရဲ့အဆိုအရ ပြန်လည်သိမ်းဆည်းမှုသည် အလုံပိတ် တစ်ခါသုံး ဖန်ပုလင်းအတွင်း တွေ့ရှိသည့် နိုင်ငံခြားပစ္စည်းများကြောင့် စားသုံးသူများ၏ တိုင်ကြားချက်တစ်ခု ရပြီးနောက် စစ်ဆေးမှုများကို ပြုလာရာတွင် သဘာတွင်တွေ့ရသောမှိုများကို တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။
မှိုပိုးကြောင့်ဖြစ်တဲ့ မျက်လုံးပိုးဝင်ခြင်းက အမြင်အာရုံကို ဆုံးရှုံးစေပြီး ခုခံအားစနစ် ကျဆင်းနေတဲ့သူတွေမှာ အသက်ဆုံးရှုံးဖို့ အလားအလာရှိပါတယ်။ မျက်စဉ်းခတ်ခြင်းမှ ဆိုးကျိုးများ တစ်စုံတစ်ရာ အစီရင်ခံစာ မရရှိသေးကြောင်း အယ်လ်ကွန်က ပြောကြားခဲ့ပါတယ်။ ပြန်လည်သိမ်းဆည်းမှုကို ၂၀၂၅ စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည့်ရက်စွဲဖြင့် Lot 10101 အား သက်ရောက်မှုရှိစေပါတယ်။ အဆိုပါဆေးများကို Target၊ Kroger၊ Walmart နှင့် Walgreens ကဲ့သို့သော အွန်လိုင်း အဓိကလက်လီရောင်းချသူများ က ရောင်းချထားပြီးဖြစ်နေပါတယ်။
ပြန်လည်သိမ်းဆည်းထားသော ပက်ကေ့ခ်ျကို ဝယ်ယူထားသူ မည်သူမဆို ၎င်းကို ချက်ချင်းရပ်တန့်ပြီး အစားထိုး သို့မဟုတ် ပြန်အမ်းငွေအတွက် ရောင်းချသူထံ ပြန်လည်ပေးပို့ရန် ညွှန်ကြားထားပါတယ် ။ ၎င်းမျက်စဉ်းဆေး ကြောင့် ဆိုးရွားစွာ ထိခိုက်ခံစားရသူ မည်သူမဆို အဆိုပါပြဿနာကို အွန်လိုင်း၊ စာတိုက်ဖြင့်ဖြစ်စေ၊ ဖက်စ်ဖြင့်ဖြစ်စေ MedWatch Adverse Event Reporting ပရိုဂရမ်ထံ တိုင်ကြားနိုင်တယ်လို့ FDA မှ ပြောကြားထားပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment