အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက El Gouna တွင် ကျင်းပသော အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၇၆)ကြိမ်မြောက် ကိုင်ရိုပြင်ပအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက El Gouna တွင် ကျင်းပသော အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၇၆)ကြိမ်မြောက် ကိုင်ရိုပြင်ပအစည်းအဝေးသို့ တက်ရောက်



ကိုင်ရို၊ ဒီဇင်ဘာ ၂၆

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် (၂၂-၁၂-၂၀၂၄) ရက်နေ့တွင် Red Sea Governorate, Hurgada မြို့နယ်ရှိ El Gouna ဒေသသို့ သွားရောက်ခဲ့ပြီး  ညနေ(၁၇၃၀)နာရီအချိန်တွင် ယင်းဒေသရှိ Movenpick Hotel, Seahorse Meeting Room  ၌ ကျင်းပသော အာဆီယံ-ကိုင်ရိုကော်မတီ၏ (၂၇၆)ကြိမ်မြောက် ကိုင်ရိုပြင်ပ အစည်းအဝေးနှင့် (၁၉၃၀) နာရီအချိန်တွင် Char Restaurant ၌ အလုပ်သဘော ညစာစားပွဲများသို့ အခြား အာဆီယံသံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံ သံရုံးအကြီးအကဲများက အာဆီယံနိုင်ငံများနှင့် အီဂျစ်နိုင်ငံ တို့အကြား နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ အထူးသဖြင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အလေးထား ဆွေးနွေးခဲ့ကြ သည့်အပြင်၊ လာမည့် ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်မည့် အာဆီယံ-ကိုင်ရိုကော်မတီ၏ လှုပ်ရှားမှု ဆိုင်ရာ ကိစ္စရပ်များ၊ ASEAN Family Activities ကိစ္စရပ်များ၊ အာဆီယံမိသားစု အားကစား ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များအပါအဝင် အာဆီယံနိုင်ငံသံရုံးများအချင်းချင်း ယခုထက်ပိုမို ချစ်ကြည် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း အာဆီယံသံရုံးအကြီး အကဲများက အသီးသီးအကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် အလှည့်ကျဥက္ကဌ ဖြစ်သော စင်ကာပူသံအမတ်ကြီးက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမည့် မလေးရှား သံအမတ်ကြီး ထံသို့ အာဆီယံ-ကိုင်ရို ကော်မတီ၏ အလှည့်ကျဥက္ကဌတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့သည်။

အာဆီယံ-ကိုင်ရိုကော်မတီ၏ ကိုင်ရိုပြင်ပအစည်းအဝေး (ACC out of Cairo Meeting)များကို တစ်နှစ်လျှင် (၂)ကြိမ် ပြုလုပ်လေ့ရှိပြီး ကိုင်ရိုမြို့အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများ စုပေါင်း၍ အီဂျစ်နိုင်ငံရှိ အရေးပါသည့် အထင်ကရ နေရာများသို့ သွားရောက်ကာ ယင်းဒေသများမှ တာဝန်ရှိ ဒေသဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံခြင်း၊ ယင်းဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား လေ့လာခြင်း စသည့် ဒေသန္တရ ဗဟုသုတများ ရရှိစေရန် ဆောင်ရွက်ကြသည့် အာဆီယံ-ကိုင်ရိုကော်မတီ၏ လှုပ်ရှားမှုတစ်ခု ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)