မန္တလေး၊ ဒီဇင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄) ကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က တိုင်းဒေသကြီးအတွင်း ရေမြေ ကောင်းမွန်သည့် စိုက်ပျိုးနိုင်သော လယ်ယာမြေများ ထိခိုက်လျော့ နည်းမှုများမရှိစေရေးနှင့် ရေရှည်တည်တံ့စွာအသုံးချနိုင်ရေး၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက် မရှိဘဲ အခြားနည်းဖြင့် ကျူးလွန် အသုံးပြုခြင်းများမဖြစ်ပေါ်စေရေး တို့အတွက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးကြပ်မတ်ကာ အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တိုင်းဒေသ ကြီးဦးစီးမှူး ဦးသိန်းဝင်းက လယ်ယာမြေဥပဒေပုဒ်မ-၃၀(ခ) အခြားနည်းအသုံးပြုခွင့် လျှောက်ထားသည့် လုပ်ငန်းစာတွဲ ၁၁၉ တွဲနှင့် အစိုးရအဖွဲ့မှ တိုင်းဒေသကြီး စိစစ်တင်ပြရန် လွှဲပြောင်းပေးပို့လာသည့် စိစစ် ရန်ကိစ္စရပ်များအပေါ် ဆွေးနွေး တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက လယ်ယာမြေစီမံ ခန့်ခွဲမှုလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြကြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးကျော်
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment