မြင်းမူမြို့နယ်၊ ဆိပ်သာကျေးရွာတွင် PDF အကြမ်းဖက်သမားများ၏ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းမူမြို့နယ်၊ ဆိပ်သာကျေးရွာတွင် PDF အကြမ်းဖက်သမားများ၏ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ




မြင်းမူ၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် ဒီဇင်ဘာလ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်က နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲများသည် ဆိပ်သာကျေးရွာအတွင်း ရှင်းလင်းခဲ့ရာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အတွင်းမှ PDF အကြမ်းဖက်သမားများ၏ ကျည်မျိုးစုံ ၁၇၈ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ စိတ်ကြွဆေးပြားပန်းရောင်(၂၀၀)ပြားပါ ၂၂ ထုပ်၊ မြင်းမူပကဖရံပုံငွေဖြတ်ပိုင်းစာအုပ် ၂ အုပ်၊ ပြောက်ကျားယူနီဖောင်း ၄ စုံ၊ ပြောက်ကျားဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီအနက်ရောင် ၂ ထည်၊ ကျောပိုးအိတ် ၂ လုံး၊ ဖိနပ်အနက်ရောင် ၁ ရံ တို့အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ သပိတ်ကျင်းမြို့နယ်တွင် ဒီဇင်ဘာ ၂၅ ရက်နေ့က မိုးမိတ်လမ်းဆုံ ဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် နေရာ ၃ နေရာမှ TNLA နှင့် အကြမ်းဖက်သူအင်အား ၇၅ ဦးခန့် က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး Type-81 ၁ လက်၊ ကျည် ၁၈ တောင့်၊ ကျည်အိမ် ၁ ခု၊ အာပီဂျီ ဒုံးသီး ၁ လုံး(ပို့ကျည်ပါ)၊ လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ဒီဇင်ဘာ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့မရဲစခန်း၌ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သူအင်အား (စိစစ်ဆဲ) အဖွဲ့က Drone  ၁ စီး ၁ ကြိမ် ဗုံးသီး ၁ လုံး ဖြုတ်ချတိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ရှင်းလင်းခဲ့ရာ Drone  ၁ စီး၊ လက်လုပ် Drop Bomb ၂ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)