မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတား သတ်မှတ်ချိန်အမီ ပြီးစီးရေး တည်ဆောက်သွားရန် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ) တံတား သတ်မှတ်ချိန်အမီ ပြီးစီးရေး တည်ဆောက်သွားရန် မှာကြား


ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အတူ ယမန်နေ့က ရန်ကုန်မြို့နှင့်ဒလမြို့တို့ကို ဆက်သွယ်တည်ဆောက်နေသည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ဘက်ခြမ်း ကမ်းနားလမ်းဆင်ခြေလျှောတံတားနှစ်စင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဘုန်းကြီးလမ်းတစ်လျှောက် ချဉ်းကပ်တံတား လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသော Consultant အဖွဲ့မှ တာဝန်ရှိသူက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အပိုင်းလိုက်ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ကောင်းချိုက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ဒလဘက်ခြမ်းရှိ ပင်မတံတား ရေလယ်တာဝါတိုင် (Pylon-1) သို့ ရေယာဉ်ဖြင့်သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအားလုံး သတ်မှတ်ချိန်အမီ ပြီးစီးရေး တည်ဆောက်သွားရန်တို့ကို မှာကြားသည်။

မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး (ဒလ)တံတားသည် ခေတ်မီလှပသောဒီဇိုင်းဖြင့် ပုံစံထုတ်တည်ဆောက်ထားပြီး မြန်မာနိုင်ငံရှိ တည်ဆောက်ပြီးတံတားများအနက် ရေလမ်းကင်းလွတ်အမြင့် အများဆုံးကြိုးဆိုင်းတံတားတစ်စင်းဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်တံတား ဘေးပတ်ဝန်းကျင်ရှိ လူနေအိမ်များအတွက် မော်တော်ယာဉ်များ၏ ဆူညံသံများ အနှောင့်အယှက်မဖြစ်စေရေး အသံထိန်းနံရံများကို တံတားတစ်ဖက်တစ်ချက်တွင် တပ်ဆင်ထားသည့်အပြင် တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းရေးအဆောက်အအုံတစ်ခု၊ တံတားအသုံးပြုခကောက်ခံရေးစခန်း (Toll Plaza) နှင့် တန်ပိုယာဉ်များထိန်းသိမ်းကြီးကြပ်ရန် Weight Bridge တို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)