မှုခင်းမှတ်တမ်း ၁၂ (ဦးအောင်မြိုင်နှင့် ဦးအောင်အောင်ဇော်တို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် စွပ်စွဲချက်အရ စစ်ဆေးနေသော မှုခင်း) - Myanmar National Post

Myanmar National Post

News Agency

Breaking

မှုခင်းမှတ်တမ်း ၁၂ (ဦးအောင်မြိုင်နှင့် ဦးအောင်အောင်ဇော်တို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် စွပ်စွဲချက်အရ စစ်ဆေးနေသော မှုခင်း)



မှုခင်းမှတ်တမ်း ၁၂ (ဦးအောင်မြိုင်နှင့် ဦးအောင်အောင်ဇော်တို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် စွပ်စွဲချက်အရ  စစ်ဆေးနေသော မှုခင်း)


ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ။

ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ် သော ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။


၁၃၈၆ ခှနှစ် နတ်တော်လဆတ်း ၁၁ ရက် 

26-12-2024 ရက် ကြာသပ‌တေးနေ့ 

နံနက် ၁၀ နာရီအချိန်

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ မြို့နယ်တရားရုံး 

************


အောင်မြိုင်(မစိုးရိမ်စာသင်သား)နှင့် အောင်အောင်ဇော် (လှိုင်သာယာ)တို့ ၂ ဦးအပေါ် အရိယာမဏ္ဍိုင် တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုနေသူ ဦးသူရိယ ၏ တာဝန်ပေးအပ်ချက်အရ  ဦးထူးအောင်လွင်တို့က စွဲဆိုထားသောမှုခင်းအတွက် မြို့နယ်တရားသူကြီးက ‌ရုံးချိန်းဆင့်ခေါ် ထားပါ၏။ 

အောင်မြိုင်(မစိုးရိမ်စာသင်သား)နှင့် အောင်အောင်ဇော် (လှိုင်သာယာ)တို့သည် ကိုရာဇာလင်းနှင့်အတူ နံနက် ၈ နာရီအချိန်တွင် ကမာရွတ်မြို့နယ် ဗဟိုလမ်းမှ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အနော်ရထာလမ်း မကွေးကျောင်းသို့ တက္ကစီဖြင့် သွားကြရ၏။

နံနက် ၉ နာရီ‌အချိန်တွင် မကွေးကျောင်းဆရာတော်ဦးပါမောက္ခ ဦးဇနိန္ဒ ပါ ၂ ပါး ကားမောင်းသူ ကိုမျိုးခိုင်နှင့် အတူ လှည်းကူးမြို့ နယ် တရားရုံးသို့ သွားရောက်ခဲ့ကြရ၏။ စုစုပေါင်း ကား ၁ စီး 

ရဟန်းသံဃာ ၂ ပါး

လူ ၄ ဦး

ရှေ့ နေ ၂ ဦးလည်း လာရောက်ရ၏။ 

စရဖအဖွဲ့မှ ၂ ယောက် လာ၏။ 

************


နံနက် ၉နာရီ မိနစ် ၄၀ အချိန်တွင် တရားရုံးဝင်းအ တွင်း ရှေ့နေများ နားနေရန် အဆောင်သို့ ရောက်ကြပါ၏။ 

နံနက် ၁၀ နာရီထိုးပြီးချိန်တွင် တရားခွင်အတွင်း မြို့ နယ်တရားသူကြီး ရှေ့မှောက်သို့ ရှေ့နေ ၂ ဦး ရောက်ကြရပါ၏။ တရားလိုဘက်မှ ရှေ့နေ ၂ ဦးလည်း ရောက်လာကြ၏။ 


တရားလို ဦးထူးအောင်လွင်သည် မလာ။ 

ဥပဒေအရာရှိလည်း ရှိနေပါ၏။

ဦးအောင်‌မြိုင်  ဦးအောင်အောင်ဇော်တို့ကို မခေါ်ပါ။ မိနစ် ၂၀ ခန့်တွင်  ဦးအောင်မြိုင်တို့၏ ရှေ့နေသည် ပြန်ထွက်လာ၏။ တရားလိုပြသက်သေများထဲက သက်သေခံပစ္စည်း ရှာဖွေပုံစံအတွက် သက်သေကို တရားရုံးမှ သမ္မန်စာ ထုတ်ဆင့်ချိန်ဆိုးထားကြောင်း သမ္မန်စာ အတည်မဖြစ်သေးကြောင်း သမ္မန်စာ အ တည်မဖြစ်ပါကလည်း လာရောက်ပြီး အစစ်ခံပါက စစ်ဆေးမည်ဖြစ်ကြောင်း ရှင်းပြပါ၏။  နောက်ထပ် ၅ မိနစ်ခန့်အကြာတွင် တရားသူကြီးက နောက်ရုံးချိန်းကို ၉ ၁ ၂၀၂၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန် ဆင့်ခေါ် ကြောင်း ကြေညာလေ၏။ 

မှတ်ချက်။ တရားလိုပြသက်သေ ပျက်ကွက်သည်ကို တရားလိုက ကြိုတင်သိထားကြောင်း တွေ့ရပါ၏။ ကြိုတင်သိထားခြင်းကြော့င့်သာလျှင် တရားလိုသည် မလာဘဲ နေခြင်းဖြစ်၏။ ထိုအခြေအနေကို ဥပဒေ အရာရှိနှင့် တရားရုံးကလည်း ကြိုတင်သိထားပြီး ဖြစ်ပုံရှိပါ၏။ သမ္မန်စာ ထုတ်ဆင့်ချိန်ဆိုးထားသော 

သက်သေခံပစ္စည်း ရှာဖွေပုံစံအတွက် သက်သေသည် မော်လမြိုင်သို့ ရောက်နေ၍ ခရီးလွန်နေကြောင်း နောက်မှ သိရပါ၏။ 

************

ထို့နောက် တရားခွင်ရှေ့မှ ပြန်လာကြရ၏။  နံနက် ၁၁  နာရီ ၂၀ မိနစ်ခန့်တွင် မကွေးကျောင်းသို့ ပြန်ရောက်ကြရ၏။ ဆွမ်းကပ်ကြရ၏။ ထမင်းစားကြရ၏။ နေ့ ၁ နာရီတွင် မကွေးကျောင်းမှ ပြန်လာကြရာ ညနေ ၂ နာရီ ၁၀ မိနစ်ခန့်တွင် အိမ် ပြန်ရောက်၏။ ကိုအောင်အောင်ဇော်နှင့် ကိုရာဇာလင်းတို့လည်း ပြန်သွားကြ ၏။ 

************

အိမ်မှ မကွေးကျောင်းအထိ 

အသွားတက္ကစီခ နှစ်သောင်းငါးထောင် ၂၅၀၀၀ ကျပ်

မကွေးကျောင်းမှ အိမ်အထိ 

အပြန်တက္ကစီခ နှစ်သောင်းငါးထောင် ၂၅၀၀၀ ကျပ်

ရှေ့နေ၂ ဦး ခရီးစရိတ် ငါးသောင်းကျပ် ၅၀၀၀၀ ကျပ်

မိတ္တူကူးပြီးအတွက် လိုငွေ တစ်သောင်း ၁၀၀၀၀ ကျပ်

ကူးပြီးမိတ္တူ သွားရောက်ယူစဉ် ခရီးစရိတ် သုံး သောင်းကျပ် ၃၀၀၀၀ 

တရားရုံးမှ ကူးထားပြီး မိတ္တူကို ထပ်ကူးခ သုံး သောင်းကျပ် 

************

အရိယာမဏ္ဍိုင် တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုနေသူ ဦးသူရိယနှင့် အပေါင်းအပါများက နိုင်ငံတော်က တားမြစ်ပိတ်ပင်ထားသော ကျောက်သ‌င်္ဘောဝါဒ အဓမ္မဝါဒများကို အရိယာမဏ္ဍိုင် တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုနေသူ ဦးသူရိယနှင့် အပေါင်းအပါများက ပြန်လည်ဟောပြောနေခြင်းကြောင့် ဝိနည်းဓမ္မကံ ဥပဒေအရ အရေး ယူနိုင်ရေးအတွက် စစ်ဆေးဆုံးဖြတ်ပေးပါရန် 25-3-2024 ရက်စွဲဖြင့် ကမ္ဘာအေး မဟနရုံးမှာ တိုင်ကြားထားပါကြောင်း ထိုတိုင်ကြားစာကို ကမ္ဘာအေး မဟနရုံးက အစည်းအဝေးများသို့ မတင်ပြဘဲ ထိန်ချန်ဖျောက်ဖျက်ထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင် ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်ပေးသင့်ပါကြောင်း၊ နိုင်ငံတော်က တားမြစ်ပိတ်ပင်ထားသော ကျောက်သ‌င်္ဘောဝါဒ အဓမ္မဝါဒများကို အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုနေသူ ဦးသူရိယနှင့် အပေါင်းအပါများက ပြန်လည်ဟော ပြောနေခြင်းကြောင့် ဝိနည်းဓမ္မကံ ဥပဒေအရ အရေးယူခြင်းကိစ္စ မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဦးဆောင် ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်ပေးမှသာလျှင်အကောင်အထည် ပေါ်နိုင်မည့် အခြေအနေသို့ ရောက်ရှိနေပါ‌ကြောင်း ထပ်မံ တင်ပြပါ၏။ 

၁။

စက်တင်ဘာလ ၅ ရက်နေ့ တရားရုံးသို့ အမှုတွဲ ရောက်ရှိခဲ့၏။ နောက်ရုံးချိန်းတွင် အမှုစစ်ဆေးခြင်းဆိုင်ရာ စီမံချက် ချမှတ်မည်ဟု မိန့်ဟမြွက်ကြားခဲ့၏။ 

၂။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရုံးချိန်း ခေါ်ပါ၏။ ရှေ့နေများ ပါဝါတင်ကြ၏။ ထိုရုံးချိန်းတွင် အမှုစစ် ဆေးခြင်းဆိုင်ရာ စီမံချက် ချမှတ်နိုင်ခြင်းမရှိခဲ့ပါ။ 

၃။

 စက်တင်ဘာလ ၂၇ ရက်နေ့ရုံးချိန်းတွင် အမှုစစ်ဆေးခြင်းဆိုင်ရာ စီမံချက်အဖြစ် တစ်ပါတ်ချင်း ရက်ချိန်းသတ်မှတ်ပြီး ဆင့်ခေါ်စစ်ဆေးသွားမည်ဖြစ် ကြောင်း မိန့်ဟမြွက်ကြား၏။ 

၄။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် တရားလို  ဦးထူးအောင်လွင်ကို ဥပဒေအရာရှိက စတင်စစ်ဆေးပါ၏။ 

၅။ 

အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရားလို  ဦးထူးအောင်လွင်ကို ဦးအောင်အောင်ဇော် ဦးအောင်မြိုင်တို့၏ ရှေ့နေက ပြန်လှန်စစ်ဆေးပါ၏။ 

၆။ 

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရုံးချိန်း ခေါ်ထား ၏။ ဦးအောင်အောင်ဇော် ဦးအောင်မြိုင်တို့၏ ရှေ့နေ များ ရုံးချိန်း သွားရောက်ကြ၏။ ဦးအောင်အောင်ဇော် ဦးအောင်မြိုင်တို့သည် လတ်တလော ကျန်းမာရေးအရ ခွင့်တင်ပုံစံ ဖြည့် ၍ ခွင့်တင်ကြရ၏။ 

၇။ 

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရုံးချိန်း ခေါ်ထား၏။ ဦးအောင်အောင်ဇော် ဦးအောင်မြိုင်တို့၏နှင့် ရှေ့နေ များ ရုံးချိန်း သွားရောက်ကြ၏။ တရားလို  ဦးထူးအောင်လွင်ကို  ပြန်လှန်စစ်ဆေးပါ၏။ 

၈။ 

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရုံးချိန်း ခေါ်ထား၏။ ဦးအောင်အောင်ဇော် ဦးအောင်မြိုင်တို့၏နှင့် ရှေ့နေ များ ရုံးချိန်း သွားရောက်ကြ၏။ တရားလို  ဦးထူးအောင်လွင်ကို  ပြန်လှန်စစ်ဆေးပါ၏။ 

၉။

၁၂ ၁၂ ၂၀၂၄ ရက်နေ့ နံနက် ၁၀တွင် ရုံးချိန်း ခေါ်ထား၏။ ဦးအောင်အောင်ဇော် ဦးအောင်မြိုင်တို့၏နှင့် ရှေ့နေ များ ရုံးချိန်း သွားရောက်ကြ၏။ တရားလို  ဦးထူးအောင်လွင်ကို  ပြန်လှန်စစ်ဆေးပါ၏။ 

၁၀။

၂၆ ၁၂ ၂၀၂၄ ရက်နေ့ နံနက် ၁၀ နာရီရုံးချိန်းတွင် တရားလိုပြသက်သေလည်း မလာပါ။ တရားလိုလည်း မလာပါ။ ထို့ကြောင့် ဦးအောင်မြိုင် ဦးအောင်အောင် ဇော် ရှေ့နေ ၂ ဦး ရုံးချိန်း လာရောက်ကြောင်း လက် မှတ်ပြီး ပြန်ကြရပါ၏။ 

၁၁။ 

နောက်တစ်ပတ်ရုံးချိန်း

၉ ၁ ၂၀၂၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်

တရားလိုပြသက်သေအား စစ်ဆေးရန် ဖြစ်ပါ၏။ 

************

တရားလို ဦးထူးအောင်လွင်က ဦးအောင်မြိုင်အား အရေးယူပေးပါရန် အမှုတွဲ ရာကြီးမှုအမှတ် ၄၀၈၅ ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးရုံးမှ ကြိုတင်ခွင့်ပြုချက် ရယူထားကြောင်း တွေ့ရပါ၏။ ဆန်ရှင်အမိန့် ပါရှိနေကြောင်း အမှုတွဲတွင် တွေ့ရပါ၏။ 

ပထမဆုံး မိတ္တူကူးစဉ်က အမှုတွဲတွင် ပါရှိသမျှ မိတ္တူကူးယူခွင့်ရှိသမျှ စာရွက်စာတမ်းအားလူံး မိတ္တူ ကူးပေးပါရန် လျှောက်ထားခဲ့ရာ မိတ္တူအမှုတွဲတွင် 

ရာကြီးမှုအမှတ် ၄၀၈၅ ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးရုံးမှ ကြိုတင်ခွင့်ပြုချက် ရယူထားသော စာရွက် မပါရှိပါ။ ယနေ့ ရုံးတော်ရှိ ရာကြီးမှုအမှတ် ၄၀၈၅ ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးရုံးမှ ကြိုတင်ခွင့်ပြုချက် ရယူထားသော စာရွက် တွေ့ရပါ၏။ ဘယ်လိုဖြစ်သည်ဟု မသိရပါ။ 

**********


တရားလို ဦးထူးအောင်လွင်က အမှုဖွင့် တရားစွဲ အရေးယူမှုသည် အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယ၏ တာဝန်ပေးအပ်ချက်အရ အမှုဖွင့် တရားစွဲ အရေးယူကြောင်း အမှုတွဲ၌ စာရွက် ၁ ရွက် တွေ့ရ၏။ 

ဦးအောင်မြိုင် ဦးအောင်အောင်ဇော်တို့မှာ ပြစ်မှု ကျူးလွန်ကြောင်း ပေါ်ပေါက်၍ ပြစ်ဒဏ်စီရင်ခံရပါက တာဝန်ပေးအပ်သူ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယမှာ တာဝန်မရှိသော် လည်း ဦးအောင်မြိုင် ဦးအောင်အောင်ဇော်တို့မှာ ပြစ် မှု ကျူးလွန်ကြောင်း မပေါ်ပေါက်ပါက တာဝန်ပေး အပ်သူ အရိယာမဏ္ဍိုင်တောရရိပ်သာမှ ရဟန္တာဟု ပြောဆိုသူ ဦးသူရိယမှာ တာဝန်ရှိလာမည် ဖြစ်ပါ၏။ ဝိနည်းတရားတော်များအရ ဘဏ္ဍာစားပေးလျှော်ရမည် ဖြစ်ပါ၏။ 

ဘဏ္ဍာစား မပေးပါက ဘဏ္ဍာတန်ဖိုး အလိုက် ပါရာဇိကအာပတ် သင့်ဖို့ တန်ဖိုးလောက်ပါက ဒုတိယပါရာဇိကသိက္ခာပုဒ်အရ ခိုးမှုအဖြစ် အကျုံး ဝင်ပြီး ပါရာဇိကအာပတ် သင့်ရောက်မည် ဖြစ်ပါ၏။ 

**********


ဣတိပိ သော ဘဂဝါ အနုတ္တရော ပုရိသဒမ္မသာရထိ။

ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့လွန်မြတ် သော ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏။

************


သတင်းတင်ပြသူ

အောင်မြိုင် မစိုးရိမ်စာသင်သား

မှုခင်းသတင်းထောက်ဟောင်း


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)