ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာ ၃

ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေ အသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့က နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဥပဒေ ချုပ် ဦးမြင့်အောင်နှင့် ဥပဒေ အရာရှိများ၊ နေပြည်တော်ရှိ ခရိုင် ဥပဒေအရာရှိများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံတော် ၏ ဥပဒေရေးရာ ကိစ္စရပ်များကို သိရှိပြီး စောင့်ထိန်းလိုက်နာကြရန် နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ခုနှစ်နှင့် ရွေးကောက် ပွဲကော်မရှင်ဆိုင်ရာ ဥပဒေများကို သိရှိနားလည်ထားရန် နိုင်ငံသား တိုင်း၏ တာဝန်ဖြစ်ကြောင်း၊ အသက် (၁၈) နှစ်ပြည့်ပြီးသူများ သိရှိလိုက်နာနိုင်ရန် ဥပဒေဆိုင်ရာ အသိပညာရပ်များကို အခြေခံ ပညာကျောင်းများတွင် သင်ကြား ပေးရန်ရည်ရွယ်ပြီး ယခုသင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနယ်မြေနေပြည်တော် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်လွင်က သင်တန်းလုပ်ငန်းစဉ်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ Grade 11 နှင့် Grade 12 ဆရာ၊ ဆရာမ ၂၁၀ တက် ရောက်ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မသန်စွမ်းအားကစားပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ (အကြီးတန်းအဆင့် ကျား/မ)၊ အပြေးပြိုင်ပွဲ (အငယ်တန်းအဆင့် ကျား/မ)၊ ဝှီးချဲလ် မီတာ ၅၀ အပြေးပြိုင်ပွဲ(ကျား/မ)၊ သံလုံးပစ်ပြိုင်ပွဲ (ကျား/မ) တို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် တာဝန်ရှိသူများက မသန်စွမ်း အားကစားပြိုင်ပွဲများအလိုက် ဆုရရှိကြသည့် မသန်စွမ်းအားကစားသမားများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)