ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်၊ တောပြားကျေးရွာ မှ အပြစ်မဲ့ ပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ က သတ်သွားကြပြန်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်၊ တောပြားကျေးရွာ မှ အပြစ်မဲ့ ပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ က သတ်သွားကြပြန်ပြီ


ညောင်ဦး၊ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်တိုက်နယ်၊ တောပြားကျေးရွာ အရှေ့မြောက်ဘက် ၃မိုင်ခန့်အကွာရှိ ယာခင်း၌ အရပ်သား ပြည်သူတစ်ဦးကို ၁၃-၁၂-၂၀၂၄ ရက်နေ့ ၁၄ ၀၀ အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ဦးဇေယျာ၊ ၃၅နှစ်၊(ဘ)ဦးအောင်ဝင်း၊ တောပြားကျေးရွာ၊ ငါ့သရောက်တိုက်နယ်နေသူအား ယာ-နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ ၅.၅၆ ကျည်ခွံ ၁ခု၊၇.၆၂ ကျည်ခွံ ၁ခုတို့အား တွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ၁၄ ၀၀ အချိန်ခန့်တွင် သေဆုံးသူ ဦးဇေယျာသည် ဇနီးဖြစ်သူ ဒေါ်သက်သက်ဝင်း၊ ၃၅နှစ်၊ (ဘ)ဦးကျော်ဝင်းနှင့်အတူ ယာခင်းအတွင်းရှိနေစဉ် PDF အကြမ်းဖက်သမား ၆ဦး၊ သေနတ်အရှည်များ ကိုင်ဆောင်ကာ ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာပြီး ဦးဇေယျာအား သေနတ်ဖြင့် ပစ်ခတ်၍ သပြေဝကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဒေါ်သက်သက်ဝင်းမှ ပြောကြားချက်အရ သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)