အလုံမြို့နယ်တွင် Pfizer Grey Cap ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်တွင် Pfizer Grey Cap ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်






အလုံ၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ဘုန်းတော်ကြီးကျောင်းများသို့ကွင်းဆင်း၍ ဦးတည်အုပ်စုများအား Pfizer Grey Cap ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ‌‌ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဒေါ်မိုးသီတာဦးနှင့် ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဥ်တို့ဦးဆောင်၍ အဖွဲ့(၂)ဖွဲ့ခွဲကာ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်မှ သံဃာ(၆၃)ပါး၊ သဒ္ဓမ္မဝံသာရုံဘုန်းတော်ကြီးကျောင်းမှ သံဃာ(၉)ပါး၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းမှ သံဃာ(၃၆)ပါး၊ ဇောတနာဘုန်းတော်ကြီးကျောင်းမှ သံဃာ(၃၀) ပါး၊ သံဃာစုစုပေါင်း(၁၃၈)ပါးအား ကိုဗစ်-၁၉ရောဂါကာကွယ်​ဆေး (Pfizer) ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ယောဧရာ 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)