အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) တွင် စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) တွင် စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ




ကျောက်ဆည်၊ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ယနေ့နံနက် (၉) နာရီခွဲက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) တို့ ပူးပေါင်းပြီး အဆိုပါကျောင်း ဘက်စုံသုံးခန်းမတွင် လူငယ်စကားဝိုင်းနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးလွင်က  ကျောင်းသား၊ ကျောင်းသူများ တစ်ဦးနှင့်တစ်ဦး အသိပညာဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများပိုမိုရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စည်းကမ်းကောင်းသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက Moderator အဖြစ် ဆောင်ရွက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) မှ ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ဟိန်းထက်ကို (မြို့ပြအင်ဂျင်နီယာသင်တန်း)မှ“Time Management”၊ မဆုနန္ဒာကျော် (အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း)မှ “ယုံကြည်မှုနှင့်ဘဝအောင်မြင်မှု”၊ မနန်းထက်ရွှန်းလဲ့ဖြိုး (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း)မှ “ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး”၊ မောင်ပြည့်ဖြိုးချစ် (စက်မှုအင်ဂျင်နီယာသင်တန်း)မှ “တာဝန်ယူမှုနှင့်တာဝန်ခံမှု”၊ မောင်သက်နိုင်ဖြိုး (သုတနည်းပညာမှသင်တန်း) “အိမ်မက်တို့ကိုအကောင်အထည်ဖော်ကြစို့” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်း ဆွေးနွေးပွဲအပြီးတွင် ပါဝင်ဆွေးနွေးသူများအား သက်ဆိုင်ရာဌာနမှူးများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ရေး၊ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။     


စုစုအေး(ကျောက်ဆည်)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)