နန်နင်း၊ ဇန်နဝါရီ ၂
ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Guangxi Culture and Art Center ၌ ၃၁-၁၂-၂၀၂၄ ရက်တွင် ကျင်းပခဲ့သည့် 2025 Guangxi New Silk Road New Year E-commerce Festival Gala သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားကို ကွမ်ရှီးဒေသနှင့် အာဆီယံနိုင်ငံများအကြား e-commerce ကဏ္ဍ တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် အာဆီယံနိုင်ငံများမှ အရည်အသွေးမြင့် ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနား၌ ကွမ်ရှီးဒေသ၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Liao Pinhu၊ တရုတ်ဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး Mr. Pehin Dato Rahmani Dato Basir တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Mr. Tang Wenhong၊ မလေးရှားရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Liew Chin Tong၊ မြန်မာစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Napintorn Srisunpangနှင့် ဗီယက်နမ်စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Nguyen Sinh Nhat Tan တို့က ဗီဒီယိုမိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။
ထို့နောက် E-commerce နှင့်ဆက်စပ်သည့် Taoboa & Tmall Group၊ Kuaishou Technology၊ SF International တို့မှ အာဆီယံနိုင်ငံများမှ ထွက်ကုန်များ တရုတ်ဈေးကွက် ဝင်ရောက်ရန် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ အခမ်းအနားသို့ နန်နင်းမြို့အခြေစိုက် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ ကွမ်ကျိုးမြို့အခြေ စိုက် အင်ဒိုနီးရှားကောင်စစ်ဝန်ချုပ်နှင့် လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားပြီးနောက် ဧည့်သည်များသည် တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ကုန်ပစ္စည်းများ ခင်းကျင်းပြသထားသည့် ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ရာ မြန်မာပြခန်း၌ မြန်မာဘီယာ၊ လက်ဖက်ရည်၊ လက်ဖက်အကြော်စုံစသည့် ကုန်ပစ္စည်းများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment