ရန်ကုန်၊ ဇန်နဝါရီ ၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ယမန်နေ့က မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက ကျောင်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်ရေးပြကွင်းအသစ်ဖောက်လုပ်တည်ဆောက်မှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကောလိပ်မှ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ Korea Maritime and Ocean University(KMOU) တွင် Student Exchange Program ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ဖွင့်လှစ်သည့် လေးလသင်တန်းတက်ရောက်ခဲ့သည့် ကုန်သွယ်ရေကြောင်း အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ်(၁၆)မှ ဒုတိယနှစ် အရာရှိလောင်းနှစ်ဦးနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် KMOU (Student Exchange Program) သို့ ထပ်မံစေလွှတ်မည့် ကုန်သွယ်ရေကြောင်းအရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၇)မှ အရာရှိလောင်းနှစ်ဦးကိုတွေ့ဆုံ၍ သိရှိလိုသည်များမေးမြန်းပြီး ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့သွားရောက်ပြီး မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ရုံးပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှု၊ တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတွင် ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှုအခြေအနေနှင့် လွန်းတင်လွန်းချစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းများ ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment