မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဒေသခံနေအိမ် ၃၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေ လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဒေသခံနေအိမ် ၃၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေ လျက်ရှိ


နေပြည်တော်၊ ဇန်နဝါရီလ ၂၀

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဇန်နဝါရီလ ၁၈ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ဒေသခံနေအိမ် ၃၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်သမားများ ဝင်ရောက်ခိုအောင်းနေထိုင်ကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ပြည်လည်ထွက်ခွာလာကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏သတင်း အား လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ပေးပို့သော အဆိုပါကျေးရွာများအား အကြောက် တရားများလွှမ်းမိုးလာစေရန် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်သမားများကို အားပေးအားမြှောက် ပြုနေသည့် တရားမဝင်ပြည်ဖျက်မီဒီယာများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှား စေရန်အတွက်  လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ လုပ်ကြံရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)