နေပြည်တော်၊ ဇန်နဝါရီလ ၂၀
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ဝါးကြီးအိုင်ကျေးရွာနှင့် ညောင်ကုန်း ကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲသဖြင့်ပြည်သူ ၄ ဦးသေဆုံးခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူ များ၏ ပြောကြားချက်အရ ၎င်းသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်ကြောင်း တည်ငြိမ် အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူလူထု၏တိကျသော သတင်းပေးပို့မှုများ အရ နည်းပညာအကူအညီများရယူ၍ အမှန်တကယ် ဟုတ်မဟုတ်ကို စိစစ်အတည် ပြုပြီးမှသာ အကြမ်းဖက်မှုနှိမ်နှင်းရေးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခြင်း မရှိကြောင်းကို သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သို့ရာတွင် တရားမဝင်ပြည်ဖျက် မီဒီယာများကလုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် သတင်းမှားများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment