ကိုကိုးကျွန်း၊ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်သို့ ပင်လယ်သွား၊ ဆေးရုံရေယာဉ်(သံလွင်)သည် ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ယနေ့နံနက်(၈း၃၀)မိနစ်အချိန်တွင် အမှတ်(၂၈)ရေတပ်အခြေစိုက်စခန်း၊ ဆိပ်ခံတံတားအမှတ်(၁၂)သို့ ဆိုက်ကပ်လာကြောင်း သိရသည်။
အဆိုပါပင်လယ်သွားရေယာဥ်(သံလွင်)ဖြင့် ကွပ်ကဲအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်မှူးကြီးရဲဝင်းသိန်း၊ စစ်ရေယာဥ်မှူးဒုတိယဗိုလ်မှူးကြီးဖြိုးနေလင်း၊ ဒုတိယဗိုလ်မှူးကြီးခွန်ဇော်ဦးဆောင်သော ဆေးကုသရေးအဖွဲ့၊ ဗိုလ်ကြီးဒေါ်သန္ဒာလင်းဦးဆောင်သော မြဝတီရုပ်မြင်သံကြားအဖွဲ့ စုစုပေါင်းအင်အား(၉၅)ဦးရောက်ရှိခဲ့ရာ အဆိုပါအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်အမှတ်(၃)စစ်ဗျူဟာအဖွဲ့၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးခိုင်ဇော်၊ ကိုကိုးကျွန်းလေတပ်စခန်းစခန်းမှူး ဒုတိယဗုလ်မှူးကြီးကျော်မိုးဦး၊ ရခစ(၂၈)စခန်းမှူးဗိုလ်မှူးဖြိုးဝေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးညီညီစောနှင့်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူ(၁၆၀)ဦးက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
#MNP #News #CocoIsland
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment