အိန္ဒိယအချမ်းသာဆုံးသူဌေး အမ်ဘာနီရဲ့ လူငယ်တွေအတွက် စကား ၅ခွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယအချမ်းသာဆုံးသူဌေး အမ်ဘာနီရဲ့ လူငယ်တွေအတွက် စကား ၅ခွန်း


ဇန်နဝါရီ - ၃၀ ( ဗုဒ္ဓဟူးနေ့ ) 

ဂူဂျာရက်ပြည်နယ်က ပန်ဒစ်ဒိန်ဒါရယ်အင်ဂျင်နီယာ တက္ကသိုလ် ၏ ၁၂ကြိမ်မြောက် ဘွဲနှင်းသဘင်ခမ်းမတွင်  ရီလီယန့် စက်မှုလုပ်ငန်း ဥက္ကဋ္ဌ မူကတ်ရှ် အမ်ဘာနီ က ကျောင်းသားများအတွက် အဓိက သင်ခန်းစာငါးခု သို့မဟုတ် လမ်းညွှန်မူများကို မျှဝေခဲ့ပါတယ်။ 

“ချစ်လှစွာသော ဘွဲရကျောင်းသားများ … ဘဝသင်ခန်းစာအချို့ကို မျှဝေပေးပါရစေ။ ဘဝဆိုတာ တောင်းသလောက် ရနိုင်တဲ့ ဆုလာဘ်ဖြစ်သလို မင်းရဲ့ရှေ့ဆက်ရမယ့်လမ်းကို ပုံဖော်တဲ့အခါ  အထောက်အကူ ဖြစ်စေတဲ့ လမ်းညွှန်ချက်ငါးချက်ကို အကြံပြုခွင့်ပြုပါ” လို ပြောခဲ့ပါတယ်။  

( ၁ ) မင်းရဲ့စိတ်ဓာတ်အစစ်အမှန်ကို ရှာပါ၊ မင်းရဲ့စိတ်ဝိဉာဉ်ကို တောက်လောင်စေတဲ့အရာကို ရှာပါ။ သင်နှစ်သက်တဲ့အရာတစ်ခု အတွက် သင့်ရဲ့စွမ်းအင်ကို မြှုပ်နှံလိုက်တဲ့အခါ အလုပ်က ပျော်ရွှင်မှုဖြစ်လာပြီး စိန်ခေါ်မှုတွေက ကြီးထွားဖို့ အခွင့်အလမ်းတွေ ဖြစ်လာပါလိမ့်မယ်။ 

( ၂ ) တစ်သက်တာသင်ယူမှုကို ကတိပြုပါ။ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ စဉ်ဆက်မပြတ် သင်ယူလိုစိတ်က ရွေးချယ်စရာမရှိသလို ရှင်သန်မှုနဲ့ အောင်မြင်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ထိုကြောင့် စူးစမ်းချင်စိတ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး သင်ယူမှုကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။

( ၃ ) မျှဝေခြင်း အကျင့်ကို မွေးမြူပါ။ မျှဝေတဲ့အခါ အသိပညာ တိုးပွားလာတယ်ဆိုတာ သိထားပါ။ သူများတွေ တက်လာအောင် ကူညီပေးခြင်းအားဖြင့် သင်ဟာ ကိုယ့်ကိုယ်ကို မြှင့်တင်ပြီး အပြန်အလှန် တိုးတက်မှုနဲ့ တိုးတက်မှုရှိတဲ့ အသိုက်အဝန်းကို တည်ဆောက်ပါ။

( ၄ ) အဓိပ္ပါယ်ရှိသော ဆက်ဆံရေးတွင် ရင်းနှီးမြှုပ်နှံပါ။ စစ်မှန်သောချိတ်ဆက်မှုများက ကိုယ်ရေးကိုယ်တာနှင့် ပရော်ဖက်ရှင်နယ် အောင်မြင်မှုနှစ်ခုလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ယုံကြည်မှုတည်ဆောက်ပါ၊ လေးစားမှုကို မြှင့်တင်ပါ၊ အချိန်ကာလ၏ စမ်းသပ်မှုကို ခံနိုင်သည့် ဗီဇတည်ဆောက်မှုနှင့် ဆက်ဆံရေးကို ပြုစုပျိုးထောင်ရန် အာရုံစိုက်ပါ။

( ၅ )  မင်းရဲ့မိသားစုနှောင်ကြိုးကို မြတ်နိုးပြီး ပြုစုပျိုးထောင်ပါ။ မိသားစုသည် ဘဝအတွက် ရည်ရွယ်ချက်နှင့် ဦးတည်ချက်ပေးသည်။ ဂရုစိုက်မှု၊ စာနာမှု၊ ခံနိုင်ရည်ရှိမှုနှင့် သင့်အောင်မြင်မှုခရီးကို ပုံဖော်ပေးမည့် အရည်အချင်းများကဲ့သိုသော တန်ဖိုးထားမှုများကို သင်ကိုယ်တိုင် သင်ယူသည့် မိသားစုအတွင်းမှာပဲ ရှိပါတယ်။ 


REF - Money control

#MNP #News #International #Talk

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)