တောင်ကြီးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ကြီးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ





တောင်ကြီး၊ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ကျင်းပခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တောင်ကြီးမြို့ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီး ဦးသိန်းဆွေဝင်း၊ တောင်ကြီးမြို့၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဇော်လှိုင်ထွန်းနှင့် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါကျောင်းမှ ဘင်ခရာ အဖွဲ့၊ ပန်းပွားအဖွဲ့နှင့် အကအဖွဲ့များမှ မြန်မာ့ကျောင်းသီချင်း၊ ရှမ်းရိုးမကအိုးစည်းသံ သီချင်းများဖြင့် သီဆိုတီးမှုတ်ခြင်း၊ ပန်းပွားအဖွဲ့မှ Happy new Year သီချင်းဖြင့်ကပြဖျော်ဖြေ ဂုဏ်ပြုခဲ့သည်။

အခမ်းအနားတွင် တောင်ကြီးမြို့၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဇော်လှိုင်ထွန်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြခိုင်နှင့်ကျောင်းအကျိုးတော် ဆောင် ဥက္ကဋ္ဌ ဦးဇော်ဇာ်တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး၊ အပြည်ပြည်ဆိုင်ရာ လူငယ်များအထိမ်းအမှတ်၊ အမျိုးသားနေ့အထိမ်းအမှတ်၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲ၊ ဆိုကရေးတီး ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီး ဦးသိန်းဆွေဝင်း၊ တောင်ကြီးမြို့၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဇော်လှိုင်ထွန်းနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)