ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီလ ၁၉ ရက်အထိ တိုးမြှင့်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီလ ၁၉ ရက်အထိ တိုးမြှင့်ဖွင့်လှစ်













နေပြည်တော်၊ ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံ၏အထိမ်းအမှတ် (Landmark) တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia 2024) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။

ထိုကဲ့သို့ ပန်းပွဲတော်နှင့် ပြင်ဦးလွင်မြို့၏ အေးချမ်းသာယာလှပမှုကို လာရောက်ခံစားကြသည့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အထူးစည်ကားလျက်ရှိသဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ တစ်ပတ်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

ပြင်ဦးလွင်ဒေသသည် မြန်မာနိုင်ငံ၏ ခရီးသွားဒေသများအနက် အထင်ကရဒေသတစ်ခုဖြစ်ပြီး အေးမြပြီးသန့်ရှင်းလတ်ဆတ်သည့် ရာသီဥတုနှင့် စိမ်းလန်းစိုပြေသည့် ရေမြေတောတောင်သဘာဝများ၊ ဒေသထွက်အစားအသောက်များ၊ ဒေသခံများ၏ ဖော်ရွေပျူငှာမှုတို့နှင့်အတူ ပန်းပေါင်းစုံတို့သည်လည်း ဖူးပွင့်ဝေဆာမှုတို့ဖြင့် ကောင်းသတင်းဝေဆာသည့်မြို့တစ်မြို့ဖြစ်သည်။ ထို့အပြင် ဆောင်းရာသီ၏ အထင်ကရ ပန်းတစ်မျိုးဖြစ်သည့် တစ်နှစ်လျင် တစ်ကြိမ်သာပွင့်သည့် ချယ်ရီပန်းများသည်လည်း တစ်မြို့လုံးဝေဆာအောင် ဖူးပွင့်လေ့ရှိကြသဖြင့်လည်း ချယ်ရီမြို့တော်အဖြစ် လူသိများကြသည်။ ချယ်ရီပန်းများသည် နှစ်စဉ် ဒီဇင်ဘာ၊ ဇန်နဝါရီလများမှစတင်၍ ဖူးပွင့်လျက်ရှိကြပြီး ဖေဖော်ဝါရီ၊ မတ်လအထိ အပင်ပေါ်တွင် အပွင့်များဝေဆာစွာ တင်ကျန်လေ့ရှိကြပြီး ယခုနှစ်တွင် ပြင်ဦးလွင်မြို့၌ ချယ်ရီပန်းများ အပွင့် ပွင့်ချိန် နောက်ကျသည်ဟုလည်း ဒေသခံများထံမှ သိရှိရသည်။ ယခုနှစ် ပန်းပွဲတော်ကာလအတွင်း အမျိုးသားကန်တော်ကြီးဥယျာဉ်အပါအဝင် ပြင်ဦးလွင်မြို့အတွင်း အပန်း ဖြေနေရာများ၌ ပြည်တွင်းပြည်ပမှ လာရောက်လည်ပတ်အပန်းဖြေအနားယူသူများ၊ ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးများသို့ လာရောက်ဖူးမြော်ကြည်ညိုသူများဖြင့် အထူးစည်ကား များပြားလျက်ရှိကြောင်းကိုလည်း သိရှိရသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် အထိမ်းအမှတ် နှစ် (၁၀၀) ပြည့် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့်ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် ၂၀ မျိုးမှ ၂၅ မျိုး၊ ဒေသပန်းမျိုးစိတ် ၁၅ မျိုးမှ ၂၀ မျိုး စုစုပေါင်းပန်းအရေအတွက် နှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များလည်းပါရှိကြောင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်၊ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းနှင့် အထင်ကရနေရာတို့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ် အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)