နေပြည်တော်၊ဇန်နဝါရီ ၁၄
အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များ၊ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်း ဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေး ကြေးရေးအသင်းတို့မှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အထိ အသေးစားငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ ၅၃ ခု၊ ပြည်တွင်း ကုမ္ပဏီ ၁၁၂ ခုနှင့် အစုစပ်ကုမ္ပဏီ ကိုးခု စုစုပေါင်း ၁၇၄ ခုရှိပြီး ယင်းကုမ္ပဏီများမှ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း၂၆၃ မြို့နယ်၊ ရပ်ကွက် ၂၃၀ဝ နှင့် ကျေးရွာပေါင်း ၂၇၀၀၆ ရွာရှိအသင်း ဝင်ဦးရေ ၃ ဒသမ ၂၂၈ သန်းအား ငွေကျပ် ၂၀၁၁ ဒသမ ၀၇၇ သန်း ထုတ်ချေးထားကြောင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီ များအနေဖြင့် ဝင်ငွေနည်းပြည်သူ များသို့ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် သတ်မှတ် ထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။
အသေးစား ငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများ အနေဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင် ရွက်ပေးရာတွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များအပြင် MSME လုပ်ငန်းကဏ္ဍ များ တိုးတက်စေရေးအတွက် ကိုလည်း ချေးငွေများ ထုတ်ချေး ပေးထားကြောင်း၊ ကော်မတီ အနေဖြင့် အသေးစားငွေရေး ကြေးရေး လုပ်ငန်းကုမ္ပဏီများ ကို ကော်ပိုရိတ်အသက်အာမခံ ကိုယ်စားလှယ် ဆောင်ရွက်ခွင့်ပြု ခြင်း၊ Digital Financial Services များအသုံးပြု၍ ချေးငွေပြန်လည် ကောက်ခံခြင်းနှင့် ချေးငွေရယူသူ ၏ ငွေစာရင်းသို့ ချေးငွေထုတ်ချေး ခြင်းတို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် နိုင်ငံ၏လက်ရှိလူမှုစီးပွား ဖြစ်ပေါ် တိုးတက်မှုများနှင့် လိုက်လျော ညီထွေသည့် အများဆုံးထုတ်ချေး ငွေသတ်မှတ်ချက်နှင့် စုဆောင်းငွေ သတ်မှတ်ချက် တိုးမြှင့်ပေးနိုင်ရေး ဆွေးနွေး ဆုံးဖြတ်သွားရန်ဖြစ် ကြောင်းနှင့် လုပ်ငန်းဆောင်ရွက် ရာတွင် တွေ့ကြုံနေရသည့်အခက် အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန် မှာကြားသည်။
ထို့နောက် ကော်မတီအတွင်းရေး မှူး ငွေရေးကြေးရေးကြီးကြပ်စစ် ဆေးရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က အသေးစားငွေရေး ကြေးရေးလုပ်ငန်းကုမ္ပဏီ သုံးခု၏ လုပ်ငန်းလိုင်စင် လျှောက်ထားမှု၊ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများ၏ အများဆုံး ထုတ်ချေးငွေနှင့် အများဆုံး စုဆောင်းငွေပမာဏသတ်မှတ်ချက် များကို တိုးမြှင့်ခွင့်တင်ပြခြင်း များအပါအဝင် ကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များ ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းဇော်က လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ နှင့် ကော်မတီမှ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်မည့် အချက်များကို ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးအကြံပြု တင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အသေးစား အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ချေးငွေများရရှိစေရန် ပြည်တွင်းဘဏ်များ သာမက အသေးစား ငွေရေးကြေးရေး လုပ်ငန်း ကုမ္ပဏီများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုကြောင့် ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု ရယူသုံးစွဲရာ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်ကြရန်လို ကြောင်း၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြု ပြီးသည့် ကုမ္ပဏီများအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြား ချက်များကို အလေးထား လိုက်နာ ဆောင်ရွက်ကြရန်လို ကြောင်း မှာကြားသည်။
အစည်းအဝေးတွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင် ခွင့်လိုင်စင်ခွင့်ပြုသည့် ပြည်တွင်း ကုမ္ပဏီသုံးခု၊ မတည်ငွေရင်း တိုးမြှင့်ခွင့်ပြုသည့် ကုမ္ပဏီလေးခု၊ ကော်ပိုရိတ် အသက်အာမခံ ကိုယ်စားလှယ်ခွင့်ပြုမှု သုံးခု၊ နယ်မြေတိုးချဲ့သည့် ကုမ္ပဏီသုံးခု တို့ကို ကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment