ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှမှာယူတင်သွင်းပြီး ကျယ်ပြန့်စွာ ဖြန့်ဖြူးပေးနိုင်ရန် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(သာကေတ) ဆိုင်သစ်ဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှမှာယူတင်သွင်းပြီး ကျယ်ပြန့်စွာ ဖြန့်ဖြူးပေးနိုင်ရန် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်(သာကေတ) ဆိုင်သစ်ဖွင့်



ရန်ကုန်၊ ဇန်နဝါရီ ၂

စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည်ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ရေနံဓာတ်ငွေ့ ရည်အရောင်းဆိုင်(သာကေတ) ဆိုင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတရေးရာ ဝန်ကြီးတို့က ရေနံဓာတ်ငွေ့ရည်အရောင်း ဆိုင်(သာကေတ) ဆိုင်သစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ရေနံဓာတ်ငွေ့ရည်ကို ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ အမှတ်(၂)နှင့် အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ ရည်(ဗြူတိန်း) နှင့် စက်မှုလုပ်ငန်းသုံး(ပရိုပိန်း)တို့ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ရေနံဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များတွင်အသုံးပြုမည်ဆိုပါက စက်သုံးဆီ အသုံးပြုမှုထက် ကုန်ကျစရိတ်ပိုမိုသက်သာစေပြီး ပြည်ပမှ စက်သုံးဆီတင်သွင်းမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် ရေနံဓာတ်ငွေ့ရည်ကို ပြည်ပမှမှာယူတင်သွင်းပြီး ကျယ်ပြန့်စွာ ဖြန့်ဖြူးပေးနိုင်ရန်ရည်ရွယ်၍ ယခုအရောင်းဆိုင်ကို နိုင်ငံတကာအဆင့်မီတည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေနံဓာတ်ငွေ့ရည် အသုံးပြုရာတွင်သုံးစွဲသူများအနေဖြင့်အသိ ပညာဗဟုသုတရရှိပြီး လုံခြုံစွာအသုံးပြုနိုင်ရေး၊ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရေးတို့ကို ရတနာစုကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန်၊ ရေနံဓာတ်ငွေ့ရည်သည် မီးလောင်လွယ်သည့် ပစ္စည်းဖြစ်သဖြင့် ရေနံဓာတ်ငွေ့ရည် သိုလှောင်ဖြန့်ဖြူး ရောင်းချရာတွင် ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် သတ်မှတ်ထားသည့် Standard Operating Procedure များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန် နှင့် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက်သွားရန် ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးက ခေတ်နှင့်အညီဆောင်ရွက်သွားနိုင်ရေး အတွက် IT နည်းပညာကိုအသုံးချနိုင်ရေး Research Team ဖွဲ့စည်းဆောင်ရွက်သွား ရေးပြောကြားပြီး ရတနာစုကုမ္ပဏီ မန်နေး ဂျင်းဒါရိုက်တာက ဆိုင်သစ်ဖွင့်လှစ်နိုင်ရေး တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက် ခဲ့မှုနှင့် ရေနံဓာတ်ငွေ့ရည်ဖြန့်ဖြူးရောင်းချမည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ 

ယင်းနောက်ဒုတိယဝန်ကြီးနှင့်တာဝန်ရှိ သူများသည် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်တွင် ရေနံဓာတ်ငွေ့ရည်သိုလှောင် ဖြန့်ဖြူးရောင်းချနေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)