မောက်မယ်မြို့နယ်၌ ကျေးရွာခြင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ ကျေးရွာခြင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်

 



မောက်မယ်,  ဇန်နဝါရီ ၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မောက်မယ်−ရွာသစ်ကျေးရွာခြင်းဆက်လမ်းအား မြေသားလမ်းမှ ကျောက်ချောလမ်းတိုးမြှင့်ခင်းခြင်းလုပ်ငန်းကို ၂၇−၆−၂၀၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ မိုးရွာသွန်းမှုကြောင့်လုပ်ငန်းများ ခေတ္တရပ်နားထားရပြီး ယမန်နေ့ညနေပိုင်းတွင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။ 


မောက်မယ်−ရွာသစ်ကျေးရွာခြင်းဆက်လမ်းအား မြေသားလမ်းမှကျောက်ချောလမ်း(1.006Km× ×4.88m× 350mm) ခင်းခြင်းလုပ်ငန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄−၂၀၂၅ဘဏ္ဍာရေးနှစ် ပြည်ထောင်စု /ပြည်နယ်ရန်ပုံငွေကျပ် (၁၄၀.၈၄) သန်းဖြင့် “ခရမ်းချယ်ရီ”ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး အဆိုပါကျောက်ချောလမ်းသည် ၂၀၂၄ခုနှစ်ဇွန်လ၂၇ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့ညနေပိုင်းတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းနှင့် အချိန်မီ ဆောင်ရွက်ပြီးစီးရန် လုပ်ငန်းအရည်အသွေးပြည့်မီစေရေးအတွက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စိုင်းမျိုးသန့်(မောက်မယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)