တံထွေးဆီကို သုံးတဲ့ ဟော့ပေါ့ဆိုင်ကို ပိတ်ခိုင်းလိုက်ရပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

တံထွေးဆီကို သုံးတဲ့ ဟော့ပေါ့ဆိုင်ကို ပိတ်ခိုင်းလိုက်ရပြီ




ဇန်နဝါရီ - ၁၁ ( စနေနေ့ ) 

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်က ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို လူတံထွေးဆီနဲ့ ဟင်းအနံ့အရသာကောင်းအောင် လုပ်တယ် ဆိုလို့ ဒေသခံ အာဏာပိုင်တွေက အဲ့ဒိဆိုင်ကို ပိတ်သိမ်းခိုင်းလိုက်ရပါတယ်။ တံထွေးဆီ ဆိုတာက အစားတစ်ခု စားတိုင်း လူရဲ့ ခံတွင်းထဲမှာ သွားရေတွေထွက်လာပါတယ်။ အဲ့ဒိ သွားရေ နဲ့ အစားလိုက်တဲ့ အစား ပေါင်းသွားပြီး အရသာပေါ်ထွက်လာတာပါ။ အဲ့ဒိအရည်တစ်မျိုးကို ဟင်းထဲကိုထည့်လိုက်ရင် ပိုပြီး အနံ့ အရသာပိုကောင်းသွားပါတယ် ။ အဲ့ဒိအရည်ကို တံထွေးဆီလို့ ခေါ်တာပါ။ 

အဓိကအားဖြင့် အချည်ရည်ခွက်တွေထဲမှာ သွားရေများကို ရတတ်ပါတယ်။ စားသောက်ဆိုင်တွေက လူတွေ စားပြီးသား အချဉ်ရည်ခွက်တွေကို သိမ်းဆည်းပြီး စက်ရုံများကို ပို့ကာ သွားရည်ဆီများကို ထုတ်လုပ်ပါတယ်။ အဲ့ဒိအဆီတွေက ဟော့ပေါ့ဟင်းရည်လုပ်ဖို့အတွက် အခြေခံပစ္စည်းများ ဖြစ်လာကြတယ်လို့ နန်ချောင်း ဈေးကွက်အာဏါပိုင်တွေက ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

စားသုံးသူတစ်ဦးရဲ့တိုင်ကြားချက်ကြောင့် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပါတယ်။ စားသောက်ဆိုင်၏ မီးဖိုချောင်တွင် ဝှက်ထားသော  စီချွမ် နဲ့ ချုံကင်း ပုံစံ အစပ်ဟော့ပေါ့တွင် မရှိမဖြစ်လိုအပ်သော ပါဝင်ပစ္စည်းဖြစ်သော ပြန်လည်အသုံးပြုထားသော အမဲသား ၁၁.၅၄ ကီလိုဂရမ်ကို အာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့သည်။ စားသောက်ဆိုင်ပိုင်ရှင်ကလည်း လူတွေစားပြီးသား ငရုတ်ဆီတွေကိုပြန်သုံးခဲ့ကြောင်း ဝန်ခံထားပါတယ်။ သူက စက်တင်ဘာလကတည်းက သုံးခဲ့ကြောင်း၊ လူတွေ စားပြီးသားငရုတ်ဆီကို ဟင်းလျာထဲမှာ ထည့်ချက်ရင် ပိုပြီး အနံ့အရသာ ပြည်စုံကြောင်း၊ အဲ့လိုသုံရတာကလည်း ဆိုင်မှာ စားသုံးသူနည်းလာလို့ လူများလာအောင် လုပ်ရတာဖြစ်ကြောင်း၊ ဆိုင်ရဲ့ စီပွားရေး ကို မထိခိုက်လိုလို့ လုပ်ရတာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ 

"တံတွေးဆီ" ဖန်တီးခြင်းဟု မကြာခဏရည်ညွှန်းလေ့ရှိသော အလေ့အကျင့်ကို ပြင်းထန်သော တစ်ကိုယ်ရေ သန့်ရှင်းမှုနှင့် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် တင်းကြပ်စွာတားမြစ်ထားပါတယ်။ လူထုကျန်းမာရေး အတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ကိုးကား၍ အဆိုပါလုပ်ရပ်များကို ဒေသအာဏာပိုင်များက ရှုတ်ချခဲ့ပါတယ်။ နန်ချုံ ဈေးကွက်ထိန်းချုပ်ရေး အာဏာပိုင်တွေက အလားတူဖြစ်ရပ်မျိုး မဖြစ်အောင် တင်းကြပ်တဲ့ အစီအမံတွေ လုပ်ပြီး ဒေသတွင်း အစားအသောက် ဘေးကင်းရေး သေချာအောင် ဆောင်ရွက်မယ်လို့ ပြောပါတယ်။


REF: Hindustan times

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)