ဇန်နဝါရီ - ၁၁ ( စနေနေ့ )
Politico နိုင်ငံရေး မဂ္ဂဇင်းရဲ့ သောကြာနေ့ထုတ် ဆောင်းပါးတစ်ခုမှာ ဒိန်မတ်နိုင်ငံအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေ ပေးလိုက်ရလို့ သူတို့စစ်တပ်မှာ ရှိတဲ့ ဖွဲ့စည်းပုံ မပြည်မီတော့ကြောင်း ဖော်ပြပါရှိပါတယ်။ ဂရင်းလန်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီး ဒိန်းမတ်နဲ့ အမေရိကန်တို့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပါက စစ်ရေးအရ မည်ကဲ့သို့ ဖြစ်သွားနိုင်တယ်ဆိုတာကို စိတ်ကူးယဉ်ပြီး စစ်ဘောင် နယ်နမိတ်တစ်ခုကို ရေးဆွဲနေစဉ် စာရေးသူတွေ့ရှိခဲ့တဲ့ အတိုင်းအတာကို ဖော်ပြခြင်းဖြစ်ပါတယ်။
ဒိန်းမတ်က ယူကရိန်းကို အကူအညီပေးတဲ့နေရာမှာ နေတိုးအဖွဲ့သက်မှတ်ထားတဲ့ မိမိနိုင်ငံ စစ်အင်အားရဲ့ ၂ % ထက်ပိုမိုကျော်လွန်ခဲ့တာကြောင့် မိမိနိုင်ငံကာကွယ်ရေးအတွက် ခက်ခဲသွားစေနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းက ဂရင်းလန်းကို စစ်တပ်နဲ့သိမ်းပိုက်သွားဖို့ရာ အစီအစဉ်ကို ကွန်ဂရက်က အကြိမ်ကြိမ်ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် သက်တမ်းမှာတော့ ဂရင်းလန်းကို ဝယ်ယူဖို့အတွက် ပြောဆိုလာပါတယ်။ အဲ့ဒိသတင်းက သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ တစ်စစ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာတာကြောင့် အရေးတယူ လုပ်ရတော့မယ့် ကိစ္စရပ်ဖြစ်လာ ပါပြီ။ သီအိုရီ အပိုင်းအရ အရေးကြီးတဲ့ ကိစ္စဖြစ်နေပြီလို့ ဆိုလာကြပါတယ်။
၂နိုင်ငံ စစ်ရေးစွမ်းရည်မှာ အကွာကြီး ကွာနေပေမဲ့ ယူကရိန်းကို စစ်လက်နက်တွေ အကူအညီပေးမှုကြောင့် ဒိန်းမတ်နိုင်ငံရဲ့ စစ်ရေးစွမ်းရည်လျှော့နည်းသွားနေတာက ပြည်တွင်းပဋိပက္ခတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒိန်မတ် စစ်တပ် အားနည်းသွားပြီ လို့ Politico က ဆိုလိုက်တာပါ။
ဒိန်းမတ်နိုင်ငံမှာ စစ်သား ၁၇၀၀၀ သာရှိပြီး အကြီးစားစစ်လက်နက်ပစ္စည်းများ အားလုံးနီးပါး ယူကရိန်းကို ရောက်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ရေး အသုံးစရိတ်ကလည်း ကန်ဒေါ်လာ သန်း ၁ သောင်းလောက်ပဲ ရှိပါတယ်။ အဲ့လိုအနေအထားမှာ ကမ္ဘာ့စူပါ ပါဝါ စစ်အင်အားကြီး နိုင်ငံနဲ့ ယှဉ်ဖို့ရာ လုံးဝ ဖြစ်နိုင်ခြေမရှိပါဘူး။ အမေရိကန်က တိုက်ခိုက်ရေး စစ်သား ၁သန်းခွဲ နီးပါရှိပါတယ်။
သုံသပ်ချက်အရ ဒိန်းမတ်ကို အမေရိကန်က စစ်ရေးအရ ဖိအားပေးမယ်ဆိုရင် ဂရင်းလန်ကျွန်းက အမေရိကန်တွေရဲ့ လက်ထဲကို သေနတ်တစ်ချက်မဖောက်လိုက်ရဘဲ ရောက်သွားနိုင်ပါတယ်။ ပြဿနာက ရုရှားရဲ့ ရေပိုက်နက်နဲ့ ထိပ်တိုက်တွေ့လာနိုင်ပြီး အာတိတ်စက်ဝိုင်းဒေသမှာ စစ်ရေးအာပြိုင်မှုတွေ ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။
REF - RT
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment